6

1.6K 213 4
                                    

Laim ရာရာနဲ့ မျက်နှာခြင်းဆိုင်ထိုင်ကာ Leoပို့လိုက်တဲ့ဇာတ်လမ်းများထဲမှ ကောင်းမည့်ဟာကိုရွေးချယ်နေကြခြင်းဖြစ်သည်။ထို့နောက်ရာရာက သူမလက်ထဲကဇာတ်ညွှန်းကို Laimဆီထိုးပေးကာပြောလိုက်သည်။

""အစ်မထင်တာကတော့ ဒီတစ်ခုကိုရွေးလိုက်မယ်မင်းကအခုမှကြေငြာရိုက်မှာဆိုတော့ ပွဲဦးထွက်မှာလူထုကမှတ်မိစေမယ့်နေရာမျိုးဖြစ်ရမယ်...""

""ပြီးတော့ဒီဇာတ်လမ်းပုံစံကမဆိုးဘူး...ရိုးရှင်းပေမယ့်ဒီလိုရုပ်ရှင်တွေကပရိသတ်ကြိုက်တယ်...အမဒီအရန်ဇာတ်ကောင်နေရာကိုထောက်ခံတယ်....သူကသရုပ်ဆောင်တတ်ရင် သရုပ်ဆောင်တတ်သလောက်နာမည်ရမယ့်နေရာပဲ...""

""ဧကရာဇ်တပါးရဲ့ဒဏ္ဠာရီ...""

Laim တိုးတိုးပြောလိုက်ပြီး ရာရာပေးတဲ့ဇာတ်ညွှန်းကိုယူကာဖွင်ကြည့်လိုက်သည်။ဇာတ်လမ်းကရှေးဘုရင်ဇာတ်လမ်းဖြစ်ပြီး ဇာတ်လိုက်မင်းသားဂျက်စတင်က နန်းတော်မှာနေရာမရတဲ့မင်းသားတစ်ပါးဖြစ်တယ်။သူကသူ့ရဲ့ဝမ်းကွဲအမဖြစ်တဲ့ဇာတ်လိုက်မင်းသ
မီးဘယ်လာကို တိတ်တခိုးသဘောကျနေတယ်။ဘယ်လာကလဲထိုမင်းသားငယ်လေးကိုသဘောကျပေမယ့် သူမမှာစေ့စပ်ထားတဲ့သူရှိနေတယ်။ဒါက Dukeဝီလီယမ်ဖြစ်တယ်။(Duke=မြို့စားမင်း)

ဝီလီယမ်ကလဲ ဘယ်လာကို သဘောကျနေတယ်။ဒါပေမယ့်သူ့ရဲ့အေးစက်ပြီးကြောက်ဖို့ကောင်းတဲ့အရှိန်အဝါကြောင့်ဘယ်လာကသူ့ကိုကြောက်ရွံနေတယ်။ကိုယ်ချစ်တဲ့လူက ကိုယ့်ကိုကြောက်ရွံနေတယ်။ဘယ်လိုဝမ်းနည်းဖို့ကောင်းတဲ့ အခြေအနေကြီးလဲ။အမှန်တ
ကယ်တော့ဝီလီယမ်ရဲ့ဘဝကသနားစရာကောင်းတယ်။သန်မာစေဖို့အတွက် အဖေဖြစ်
သူကငယ်ငယ်ထဲက စားစရာထဲအဆိပ်ထည့်ကျွေးတယ်။ငယ်စဥ်ဘဝပျော်ရွှင်မှုဆိုတာမရှိ။ညီအကိုအချင်းချင်း ဆက်ခံသူနေရာအတွက်သတ်ဖြတ်နေရတယ်။ပျော့ညံတယ်ဆိုပြီးသတ်မှတ်ခံရပြီး အသတ်ခံရမှာဆိုးတဲ့အတွက် လူမြင်ရာမှာမငိုရဲခဲ့ဘူး။

ဒါပေမယ့်ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လိုက်မင်းသမီးဘယ်လာက ထိုအရန်ဇာတ်ကောင်လေးငိုနေတာကိုတွေ့သွားပြီး သူမရဲ့လက်ကိုင်ပုဝါလေးကိုပေးခဲ့တယ်။ဒီမှာ ထိုအရန်ဇာတ်ကောင်လေးကဇာတ်လိုက်မင်းသမီးကိုချစ်ခင်သွားခဲ့တယ်။ဇာတ်လိုက်မင်းသမီးဘယ်လာက ထိုအဖြစ်အပျက်ကိုမမှတ်မိတော့ပေမယ့် ဝီလီယမ်ကတော့သူကြီးလာတဲ့အထိထိုအဖြတ်အပျက်ကိုမှတ်မိနေဆဲဖြစ်ပြီး လက်ကိုင်ပုဝါလေးကိုသူ့အိတ်ကပ်ထဲထည့်ကာသွားလေရာယူသွားတယ်။

2 choice(You&Universe)Tahanan ng mga kuwento. Tumuklas ngayon