9

3K 343 4
                                    

Uni
========
""မလုပ်နဲ့...""

မိုင်အိပ်ယာထဲက အော်ဟစ်ပြီးနိုးလာတော့ အခန်းကဘာမှမဖြစ်ထားသလို ပုံမှန်အခြေ
အနေ။နာကျင်နေသော ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ရင် အိပ်မက်ဟု သူထင်မှတ်မိမှာပင်။

""တော်သေးတာပေါ့...ဖျားတော့မယ်ထင်နေတာ...ကိုယ့်အမှားပါကလေးရယ်...ကိုယ့်အ
မှားပါ....""

သူ့အသံကိုကြားတာနဲ့ ဘေးမှာအိပ်နေတဲ့ကန်ဂျီကနိုးလာပြီး သူ့ကိုကျောဘက်ကနေတင်းတင်းကျပ်ကျပ် ဖတ်ရင်းပြောလာ၏။

""မထိနဲ့....""

သူ့ကိုဖက်ထားတဲ့လက်ကိုရိုက်ရင်း ပြောလိုက်တော့ကန်ဂျီက ဖြေးဖြေးချင်းလွှတ်ပေးလိုက်ပြီး ပြောလာ၏။

""ကောင်းပြီမထိတော့ဘူးနော်...စိတ်အေး
အေးထားပြီး ကိုယ်ပြောတဲ့စကားကိုနား
ထောင်ပေးပါဦး...ပြီးမှကိုယ့်ကိုကြိုက်သ
လောက်ရိုက်ရိုက်ဆူဆူနော်...အရင်ဆုံးကိုယ်ပြောတဲ့စကားလေးနားထောင်ပေးပါဦး.....""

ဟာရူတိုဘက်က ရုန်းကန်နေတာရပ်သွားသောကြောင့် ကန်ဂျီက ခေါင်းမိုးထပ်မှာ အာဆာဟီကိုပြောခဲ့တဲ့အတိုင်း သူ့ကိုပြန်ပြောပြလိုက်၏။

အကုန်လုံးပြောပြပြီးသွားတော့ သူ့ကိုကြည့်ကာဘာအသံမှထွက်မလာသည့် ဟာရူတိုကြောင့် စိတ်ပျက်သွားပြီအထင်နှင့် လုပ်သမျှခံမည်ဟုဆိုတာမျက်လုံးမှိတ်လိုက်၏။

""ဖြောင်း...""

ပါးရိုက်သံက အခန်းထဲကျယ်လောင်စွာထွက်ပေါ်လာပြီး ကန်ဂျီရဲ့ပါးက နီရဲသွား၏။

""ရိုက်ပါ...ကိုယ့်ကိုထပ်ရိုက်လို့ရတယ်...""

ကန်ဂျီ လက်သီးဆုပ်လိုက်ရင်း ပြုံးကာပြောလိုက်သည်။

""ဖြောင်း...ဖြောင်း...ဖြောင်း...""

ပါးရိုက်သံက သုံးချက်ဆင့်ဆက်တိုက်ထွက်ပေါ်လာပြီးနောက် မိုင်ကကန်ဂျီရဲ့နီရဲနေတဲ့ပါးကိုသူ့လက်နဲ့ပွတ်ပြီး ပြောလိုက်၏။

""နာလား...""

""အဲ့တာ အဲ့တုန်းကကျနော်ဘယ်လိုခံစားရလဲဆိုတာပဲ...ခန္ဓာကိုယ်ကနာတာထက်ရင်ထဲကပိုနာတယ်...""

2 choice(You&Universe)Tahanan ng mga kuwento. Tumuklas ngayon