3

1.3K 162 7
                                    

နောက်တနေ့ ခန်းကျောင်းထဲဝင်လာတော့ ခါတိုင်းနဲ့မတူပဲ သူ့ကိုကွက်ကြည့်ကွက်ကြည့်အကြည့်များကြောင့် သူမျက်ခုံးပင့်လိုက်သည်။အတန်းထဲကိုရောက်တော့ မြင်လိုက်ရသည်က သူထိုင်နေကြခုံပေါ်မှာ နှင်းဆီနီတစ်ပွင့်။

ဒါကိုမြင်တော့ ခန်းမသိမသာပြုံးမိသွားသည်။ထိုပန်းပွင့်ရဲ့တရားခံကတော့ သူနဲ့မဆိုင်သည့်အလား ပြတင်းပေါက်ဘက်ကိုအကြည့်လွဲနေ၏။သို့ပေမယ့် သူ့ရဲ့နီရဲနေတဲ့နားရွက်ဖျားလေးတွေကတော့ သူ့ကိုသစ္စဖောက်လို့နေ၏။

ဒေါက်...ဒေါက်....

စားပွဲခုံကို နှစ်ဆင့်ခေါက်လိုက်သံကြောင့်ဗီယာမော့ကြည့်လိုက်တော့ သူ့အရှေ့ကိုရောက်နေသည့်ခန်းကိုတွေ့လိုက်ရသည်။ခန်းရဲ့လက်ထဲမှာလဲ သူပေးလိုက်တဲ့ နှင်းဆီပန်းပွင့်ကို ဆုပ်ကိုင်လျက်သား။ထိုစဥ်သူ့လက်ကိုဆွဲယူကာ နှင်းဆီပန်းကို ပြန်ထည့်ပေးလိုက်တဲ့ခန်းကြောင့် ဗီယာအံ့သြသွားသည်။ခန်းက သူ့ကိုငြင်းလိုက်ပြီလား မနေ့ကမှအခြေအနေတွေ တိုးတက်လာတာလေ

""ကိုယ် နှင်းဆီပန်းမကြိုက်ဘူး....""

ပြောလာတဲ့ခန်းရဲ့စကားကြောင့် သူ့ကိုငြင်းတော့မည်ထင်ပြီး ဗီယာ ဝမ်းနည်းသွားပေမယ့် ခန်းထပ်ပြီးပြောလာတဲ့စကားကြောင့် ရှက်ရွံသွားသည်။ခန်းပြောလိုက်တာက

""ကိုယ်ကဒေစီပန်းလေးတွေကိုပဲ သဘောကျတာ သူတို့ကမင်းလိုပဲ သေးသေးလေးနဲ့ ချစ်စရာလေး.....""

ဖြန်းခနဲ...ရှက်ရွံမှုက တကိုယ်လုံးလှိုက်တတ်လာပြီးတော့ ဗီယာဘာပြန်ပြောရမလဲမသိတော့ပေ။ဒါပေမယ့် ထိုစကားပြောပြီးတာနဲ့ သူ့ထိုင်ခုံသူပြန်သွားတဲ့ခန်းကြောင့် ဗီယာကြောင်အသွားသည်။ဒီစကားလေးပြောဖို့အတွက်နဲ့ ခန်းကသူ့ဆီကိုလာတာတဲ့လား....

ဆိုးဂျွန်ကတော့ ဗီယာတွေးနေတာမသိပေ။သူက ရှက်ရွံနေပုံရတဲ့ဗီယာကြောင့် ဆက်ပြီးမစနောက်တော့ဖို့ဆုံးဖြတ်လိုက်ရုံသာ။သို့ပေမယ့် တခြားလူများအတွက်ကတော့ ထိုကိစ္စကတင် သတင်းကြီးဖြစ်နေလေသည်။သိပ်မကြာခင်မှာပင် ထိုသတင်းကတကျောင်းလုံးဆီပျံ့နှံ့သွားပြီး ခန်းကတကယ်ပဲ ထိုမျက်နှာဖြူကောင်ကိုပြန်ကြိုက်တော့မှာလားဟူ၍ သို့လောသို့လောအတွေးများက လူတိုင်းဆီမှာကျန်ခဲ့၏။

2 choice(You&Universe)Where stories live. Discover now