7end

1.6K 177 7
                                    

ထိုနေ့ကဆိုးဂျွန် အချိန်အတော်လေးကြာမှ ဗီယာကို အိမ်ပြန်ပို့ပေးဖြစ်သည််။

""မနက်ဖြန်တော့ ကျောင်းလာတတ်""

ဗီယာရဲ့ခေါင်းက ဦးထုပ်ကိုချွတ်ပေးရင်း ဆိုးဂျွန်ပြောလိုက်တော့ ဗီယာကလန့်သွားသည်။

""ဒါပေမယ့်....""

ဗီယာဆီကဟန့်တားသလို အသံထွက်လာတော့ဆိုးဂျွန်က သူဘာကိုဆိုလိုသလဲဆိုတာကို သိလိုက်သည်။

""ကြောက်လို့လား....ခရစ်ရှနားကို...""

ဗီယာကိုရင်ခွင်ထဲဆွဲထည့်လိုက်ပြီး နားနားကိုကပ်ကာမေးလိုက်တော့ ရင်ခွင်ထဲကကောင်လေးကတိတ်ဆိတ်နေလေသည်။ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းတဲ့....

ဒါကိုမြင်တော့ ဗီယာကြောက်နေသည်ထင်ပြီး ပိုတိုးကာဖက်လိုက်ပြီး ဆိုးဂျွန်ကပြောလိုက်လေသည်။

""မကြောက်နဲ့ သူကအပြောပဲရှိတာ...နောက်တခါသူပြသာနာလာရှာရင် ကိုယ့်ကိုလာတိုင်...မင်းအရှေ့မှာကိုယ်ရှိတယ်....ကိုယ့်ကိုအားကိုးလိုက်""

လူဆိုးကြီး...ဘယ်သူကကြောက်နေလို့လဲ။ဗီယာတွေးလိုက်သည်။အဲ့နေ့တုန်းက သူတို့ကိုတစ်ယောက်
ယောက်vdရိုက်နေသည်ဆိုတာကို ဖုန်းအလင်းပြန်မှုကြောင့် နံရံမှာအလင်းစက်ထင်နေကတည်းကသူသိပြီးသား...။ဒါကြောင့် ကြောက်လန့်ဟန်ဆောင်လိုက်ခြင်း

ခရစ်ရှနားကိုသနားပေမယ့်...သူလိုချင်တာကိုရအောင်ယူမှာပဲ...အခုကြည့်လေ...သူလိုချင်တာသူ့လက်ထဲရောက်လာပြီ....သူ့အချစ်

ဆိုးဂျွန်သာ သူတွေးနေတာကိုသိရင် ကလိမ်ကကျစ်လေးလိုပြောပြီး ရယ်မှာပင်

နောက်တနေ့ သူကျောင်းကိုရောက်တော့ ကျောင်းသားများက အကြောင်းအရာတစ်ခုတည်းကိုအုပ်စုလိုက်ပြောနေကြသည့်အတွက် ဗီယာခေါင်းရှုပ်သွားသည်။သဲ့သဲ့မျှကြားလိုက်ရသည့်သတင်းကြောင့် ခန်းရှိမယ့်နေရာဆီသူရောက်သွားတော့ ခန်းကကြိုသိနေသည့်အလား သစ်ပင်အောက်ကခုံတန်းရှည်ပေါ်မှာ ထိုင်နေရာကနေ သူ့ကိုလက်ပြကာပြုံးပြလာ၏။

""လူဆိုးကြီး...ဘာလို့မပြောပြတာလဲ...""မနေ့က
တနေ့လုံး သူနဲ့ရှိနေတာကို။ခရစ်ရှနားနဲ့ စေ့စပ်ပွဲပျက်တာ ဘာလို့မပြောရတာလဲ

2 choice(You&Universe)Where stories live. Discover now