4

2.8K 364 9
                                    

Uni
=======
""ကယ်ကြပါဦး...ခါအိ....လူသတ်နေပါတယ်ဗျို့""

ရုတ်တရက် အပြင်ကမိန်းမတစ်ယောက်ရဲ့အော်ဟစ်လိုက်သံက သူတို့ရဲ့စကားဝိုင်းကိုဖျက်လိုက်၏။အဆောင်ခန်းထဲက တံခါးတိုင်းကိုလဲ အကူအညီလိုက်တောင်းသူက တဒုန်းဒုန်းလိုက်ထုနေသည်။

ထို့နောက်ကော်ရစ်ဒါပေါ်မှာ လူအများပြေးလွှားနေသံတွေထွက်ပေါ်လာ၏။တဆက်တည်းမှာပဲ တစုံတရာကို တရွတ်တိုက်ဆွဲနေသံကလဲထွက်ပေါ်လာ၏။

လေးယောက်သား အခန်းတံခါးအမြန်ဆွဲဖွင့်လိုက်ကာအပြင်ထွက်လိုက်တော့မြင်ရတဲ့မြင်ကွင်းကသွေးပျက်ဖွယ်အတိ...

ယောကျာ်းတစ်ယောက်က တခြားမိန်းမတစ်ယောက်ကို ခြေထောက်ကနေ တရွတ်တိုက်ဆွဲနေပြီး အဆွဲခံရသူမိန်းမက ချောနေသောကြမ်းပြင်ကို သူမလက်ဖြင့် ကုတ်ဆွဲကာရုန်းကန်နေ၏။

""ကယ်ပါ...ကယ်ကြပါ....""

ထိုမိန်းမဆီကအသံထွက်လာတော့ သူ့ကိုဆွဲနေတဲ့အမျိုးသား နောက်ကိုလှည့်လာပြီး သူ့လက်ကတူကြီးဖြင့် ခေါင်းကိုထုလိုက်၏။

ခွပ် ဟူသောမြည်သံနှင့်အတူ သွေးတွေကဦးခေါင်းကနေ ဖြာကျလာပြီး ထိုအမျိုးသမီးကခေါင်းငိုက်စိုက်ကျကာ မေ့လဲသွား၏။

ထိုနောက် ခြေထောက်ကနေ တရွတ်တိုက်ဆွဲကာဆက်ခေါ်သွား၏။လက်နက်နဲ့မို့ ဘယ်သူမှလဲ ဝင်မဆွဲရဲကြ။လမ်းတစ်လျှောက်လုံး အမျိုးသမီးက သတိရလာပြီးအကူအညီတောင်းလိုက်၊အမျိုးသမီးဆီကအသံကြားတာနဲ့ အမျိုးသားကနောက်လှည့်ပြီးတူနဲ့ထုလိုက်ဖြင့် ဆက်သွားနေ၏။

""ခါအိ...သူမကနင့်ရည်းစားမဟူတ်ဘူးလား...သတိဝင်ပါဦး...""

ရပ်ကြည့်နေတဲ့သူထဲက တစ်ယောက်ကဝင်ပြော၏။

ထို့အခါ ထိုအမျိုးသားက ပြတင်းပေါက်နားမှာရပ်နေရင်း လှည့်ကြည့်လာ၏။

""ခါအိဆိုတာ...ဘယ်သူလဲ...အော်...ဒီခန္ဓာကိုယ်ပဲ...ဟီးဟီး...ဟစ်ဟစ်...""

သူ့ရဲ့အပြုံးက တဖြည်းဖြည်းပီပြင်လာပြီးအခြောက်တိုက် ရယ်မော၏။

ထို့နောက် သေသွားပြီလား ရှင်နေသေးသလားမသိရတဲ့ မိန်းမရဲ့အလောင်းကို ခါးကနေကောက်ကိုင်လိုက်ပြီး ပြတင်းပေါက်ကနေ အောက်ကို ပစ်ချလိုက်၏။

2 choice(You&Universe)Where stories live. Discover now