Arc-8(ဖန်ယီချွမ့်ဟုန့်)

3.7K 286 11
                                    

Uni
========
ဆိုးဂျွန်က မှိတ်ထားတဲ့သူ့ရဲ့မျက်လုံးများကိုဖွင့်လိုက်သည်။သူက ကြည်လင်နေသော ရေ
ကန်ရဲ့အလယ်ကကျောက်တုန်းတစ်ခုပေါ်မှာထိုင်နေပြီးသူ့အနားမှာတော့ အပြာရောင်အလင်းလှိုင်းများပျံ့နှံ၍နေသည်။

သူ့ဝိဉာဉ်ဝင်ရောက်လာမှုက ခန္ဓာကိုယ်နဲ့အသားမကျသလိုဖြစ်သွားသောကြောင့် တခနတော့ကျင့်ကြံမှုကရပ်ဆိုင်းသွားပေမယ့် သိပ်မကြာခင်မှာပင်မူလပိုင်ရှင်၏မှတ်ဉာဏ်အတိုင်း သူလိုက်လုပ်နိုင်သွားလေသည်။

သူအသက်ကိုရှုထုတ်လိုက်တဲ့အခါ နှာခေါင်းဝကနေမြူခိုးငွေ့များကထွက်၍လာသည်။ကျင့်ကြံမှုကိုရပ်ဆိုင်းကာ သူထရပ်လိုက်တော့ ကြည်လင်နေသောကန်ရေပြင်ထက်တွင် ချောမောလှသောအသက်သုံးဆယ်အရွယ်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။သူချောမောလှတယ်လို့မသုံးချင်ပေမယ့် ဒီခန္ဓာကိုယ်က အင်း တကယ့်ကိုမိန်းမဆန်လိုက်တာ။

ရေကန်ထဲကလူက အပေါ်ပိုင်းဗလာဖြစ်နေသောကြောင့် သူ့ရဲ့တောင့်တင်းခိုင်မာသော ရင်အုပ်ကျယ်ကြီးနဲ့ဝမ်းဗိုက်မှာကြွက်သားအမြှောင်းမြှောင်းသာထွက်ပေါ်မနေပါက ဆိုးဂျွန်က သူမိန်းကလေးခန္ဓာကိုယ်ထဲကူးပြောင်းလာသည်ဟုထင်မိမှာပင်။ဆိုးဂျွန်က သူ့ရဲ့ခရမ်းရောင်မျက်လုံးများကိုမှိတ်လိုက်သည်။

မူလပိုင်ရှင်ရဲ့ နာမည်ကလီချိုးဖြစ်ကာ တာအိုနာမည်ကဖန်ယီချွမ့်ဟုန့်ဖြစ်၏။သူက ရှနိုင်ငံ
တော်၏နံပါတ်တစ်ဂိုဏ်းအဖြစ် ကျော်ကြားလှသည့်ကောင်းကင်လဂိုဏ်း၏ ဂိုဏ်းခေါင်း
ဆောင်ဖြစ်ကာ စစ်မှန်ခြင်းနတ်ဘုရားအဆင့်ကိုရောက်ရှိနေသူဖြစ်သည်။

ဆိုးဂျွန်က မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်အတိုင်း သိုလှောင်လက်စွပ်ကို ဖွင့်လိုက်သည်။ထို
အခါ အထဲကခရမ်းရောင်ပစ္စည်းများက သူ့ကိုရယ်ပြ၍နေသည်။သိုလှောင်လက်စွပ်ထဲက ဘယ်ပစ္စည်းဖြစ်ဖြစ်ခရမ်းရောင်မို့ မူလပိုင်ရှင်က ခရမ်းရောင်ကိုအတော်ကြိုက်ပုံရ၏။သူက အရောင်စွဲမရှိ၍သာတော်တော့
သည်။သူက ထိုအထဲကခရမ်းရောင်ဝတ်စုံတစ်ခုကို ယူဝတ်လိုက်ပြီး ကျင့်ကြံရာဂူထဲကနေ အပြင်ကိုထွက်ခဲ့၏။

2 choice(You&Universe)Nơi câu chuyện tồn tại. Hãy khám phá bây giờ