8

2.6K 312 7
                                    

Uni
=======
ချင်းဟေးသည် အဖြူရောင်ပြောင်အကျီလေးကိုဝတ်ဆင်ထားပြီး သစ်သားဆံထိုးလေးဖြင့်ဆံပင်ကိုရိုးရှင်းစွာထုံးဖွဲ့ထား၏။သူက မီးပုံပွဲနဘေးက သစ်တုံးလေးတစ်တုံးပေါ်ထိုင်ရင်း မီးပုံကိုပတ်ကာ ကနေသောရွာသားများကိုကြည့်၍နေသည်။

ထိုမီးပုံပွဲကို ပတ်ကာကနေသူများထဲမှာ ခင်ပွန်းလောင်းရွေးမည့်Omegaငါးယောက်ပါဝင်၏။ထိုအထဲမှာ မိန်းကလေးရှီလဲ အပါ
အဝင်ဖြစ်သည်။မကြာမီ မီးပုံပွဲက ပြီးဆုံးတော့မည်။

မိန်းကလေးရှီသည် နီညိုရောင်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီး သူမရဲ့ခါးမှာလဲ ရွှေကြိုးငွေကြိုးလေးများ ချိတ်ဆွဲထားသည်။သူမက ပန်းတပွင့်ကိုကိုင်ရင်း ချင်းဟေးရဲ့ရှေ့မှာရပ်လိုက်သည်။

""ဆရာချိုး....ရှင်ကျမရဲ့ခင်ပွန်းဖြစ်လာပေးမလား...""

သူမက ပန်းအဖြူလေးကို မိုင်ကိုပေးရင်းပြောလိုက်သည်။တခြားရွာသူရွာသားများကလဲ အားကျမှုကြောင့်သော်လည်းကောင်း၊မနာလိုမှုကြောင့်သော်လည်းကောင်း ဆူညံသံများထွက်လာ၏။

""ကျနော်....""

""မရဘူး....""

မိုင်ငြင်းဆိုမည်အပြုမှာ ဖြတ်ပြောလိုက်တဲ့အပြင်ကအသံက မီးပုံပွဲဆီလွင့်လာတယ်။အားလုံးလှည့်ကြည့်မိတဲ့အခါ ထောင်ထောင်
မောင်းမောင်းနှင့်မျက်နှာမှာ ကန့်လန့်ဖြတ်အမာရွတ်ရှိသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။

""ရိန်း....""

ရိန်း..သူ့ကိုမြင်တော့ မလန့်တကြားကြည့်လာတဲ့အကြင်သူကိုကြည့်လိုက်သည်။နှစ်တွေကြာသွားတာတောင် ဒီလူဟာအရင်လို မပြောင်းမလဲရှိနေဆဲ။နုပျိုကာ သစ်လွင်နေဆဲ။လိပ်ပြာတွေကိုဆွဲဆောင်နိုင်ဆဲ....

""ချင်းဟေး...ခဗျားကျနော့်ကိုမပြောမဆိုနဲ့ထားသွားတာ..ဒီလိုမြင်ကွင်းမျိုးပြဖို့လား...""

တခြားမိန်းကလေးနဲ့ ဒီလူကိုတွဲမြင်လိုက်ရတာ ဘယ်လောက်နာကျင်ရလဲဆိုတာ သူ့သာသိလိမ့်မည်။ခရီးဝေးကနေ ဒီလူဆီမနားနှင်လာရပြီးတွေ့လိုက်ရသည်က မိန်းကလေးတစ်ယောက်နှင့်။ရင်ဝကိုစီးပြီးကန်ထုတ်လိုက်သလိုပဲ။

2 choice(You&Universe)Where stories live. Discover now