3

1.8K 231 1
                                    

Uni
========
ရှန်ဝူ သူ့ဆရာသခင်လက်ထဲကကျားပေါက်ကလေးကိုကြည့်လိုက်သည်။ဒီအတောအ
တွင်း သူ့ဆရာသခင်က ဒီကျားပေါက်လေးကိုလက်ကမချပဲသွားလေရာခေါ်သွားတတ်သဖြင့် ဂိုဏ်းထဲကသူတွေအပြင် ဂိုဏ်းအပြင်ကကျင့်ကြံသူတွေပါ ကောင်းကင်လဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင် ဖန်ယီချွမ့်ဟုန့်မှာ သားလေးတစ်ယောက်ရနေပြီလို့တောင် ကွယ်ရာမှာစနောက်နေကြတယ်လေ။ဒါကို သူ့ဆရာကိုပြန်ပြောတော့ ဆရာကပြုံးတောင်ပြုံးနေသေးတာ။ပြီးတော့ဒီအကောင်လေးကိုသူ့ဆရာသခင်တန်ဖိုးထားပုံထောက်တော့ရှောင်ဟူကစိတ်ဝိဉာဉ်သားရဲပဲဖြစ်ရမယ် ဟုတ်တယ်မလား...

ရှန်ဝူက သူ့ကိုစိုက်ကြည့်နေတာကိုသတိထားမိတဲ့ ရှောင်ဟူက လီချိုးရဲ့ရင်ခွင်ထဲမှာခေါင်းတိုးနေရာကနေ ရှန်ဝူကိုစိုက်ကြည့်လာ၏။

ရှောင်ဟူရဲ့အကြည့်ကြောင့် ရှန်ဝူကသူ့အပေါ်တောင်ကြီးတစ်ခုလုံးပိလာသလို ခံစားလိုက်ရပြီးသူ့ရဲ့ကျောမှာချွေးတွေရွဲလာ၏။ဒါကိုသတိထားမိတဲ့ ဆိုးဂျွန်က ရှောင်ဟူရဲ့ဂုတ်ကလေးကိုလက်ညှိုးလေးနဲ့ခပ်ဖွဖွနှိပ်နယ်လိုက်လေတော့ ရှောင်ဟူကသဘောကျစွာ ညည်းသံလေးထွက်လာ၏။

ခုနကအကြည့်ခံလိုက်ရတဲ့ ရှန်ဝူကခုထိအကြောက်မပြေသေးချေ။ဒီအကြည့်က သေချာပါတယ် ရှောင်ဟူကစိတ်ဝိဉာဉ်သားရဲပဲနေမှာ အကောင်ငယ်သေးတာတောင်..ဒီလောက်အဆိပ်ပြင်းနေတာ။ဘာလို့ဆို အကြည့်တချက်ရဲ့ဖိအားက ဆရာသခင်အဆင့်ဖြစ်တဲ့သူ့ကိုတောင် ချွေးပြန်သွားစေတယ်လေ....

ဆိုးဂျွန်က ရှောင်ဟူကိုချီရင်း မတ်တပ်ထရပ်လိုက်သည်။သူက သိုလှောင်လက်စွပ်ထဲကနေသိုင်းကျမ်းတစ်ခုကို ရှန်ဝူရှေ့ဒေါင်ခနဲပစ်ချလိုက်တယ်။

""ဒီဟာကိုသေချာလေ့လာထား...ငါပြန်လာရင်သေချာစစ်မေးမယ်....""

သူ့ဆရာရဲ့စကားကိုကြားတော့ ရှန်ဝူကကျမ်းစာကိုချက်ချင်းမကောက်သေးပဲမေးလိုက်တယ်။

""ဆရာ..ဘယ်သွားမလို့လဲ...""

""ဂိုဏ်းအပြင်သွားမလို့...""

သူကပြောရင်းနဲ့ သူ့ရင်ခွင်ထဲက ကလေးလေးကိုငုံ့ကြည့်လိုက်တယ်။ဂိုဏ်းထဲမှာပဲနေရတော့ သူ့ကလေးလေးက ပျင်းနေလောက်ပြီ။ကလေးလေးအတွက် သူပျော်စရာလေးတွေလိုက်ရှာရမှာပေါ့...

2 choice(You&Universe)Where stories live. Discover now