ဆူရှန်း အိမ်ပေါ်ရောက်ရောက်ခြင်းမြင်လိုက်ရတာက ယောကျာ်းတစ်ယောက်နဲ့ပူးကပ်နေသည့် သူ့ရဲ့လက်ရှိသား...
""ဒါက ဘာဖြစ်နေတာလဲ....""
သူအော်ငေါက်လိုက်တော့ သားတော်မောင်ကအလျင်အမြန်ပဲ သူ့အနောက်ကိုရောက်လာသည်။
""မင်း....ဘယ်သူလဲ....""
သေချာကြည့်လိုက်တော့မှ ထိုယောကျာ်းက သူ့သားနဲ့အသက်တူတူပဲဖြစ်ပုံရသည်။သူမေးလိုက်ပေမယ့် ဟိုဘက်ကလူကတော့သူ့ကိုသာစိုတ်ကြည့်နေပြီး ဘာမှပြန်ပြောမလာပေ။ထိုအစားပြန်ရလိုက်တာက ဗီယာ့ဆီက စကားသံသာ
""အဖေ...""
""ဗီယာ အခန်းထဲပြန်ဝင်နေစမ်း....""
ဆူရှန်းနောက်ကိုလှည့်ကာအော်ငေါက်လိုက်တော့ ဗီယာကအပေါ်ထပ်ကိုမတတ်ချင် တတ်ချင်နဲ့တတ်သွား၏။ဖြစ်ပျက်သမျှကို ထိုင်ရာကမထကြည့်နေသည့်သူကြောင့် ဆူရှန်းစိတ်အချဥ်ပေါက်နေသည်။ဗီယာအပေါ်
ထပ်ကိုရောက်သွားပြီဆိုတာ သေချာသွားတော့မှ ထိုကောင်လေးရှေ့ကဆိုဖာမှာ ထိုင်ချလိုက်ပြီး မေးလိုက်သည််။""မင်းက ဘယ်သူလဲ...ကူးပြောင်းလာသူလား..hostလား...ဘာရည်ရွယ်ချက်နဲ့လာတာလဲ""
ထိုင်ပြီးပြီးခြင်း မေးချလိုက်သည့်လူကြောင့် သူ့အထင်တို့မှန်သွားမှန်း ဆိုးဂျွန်သိလိုက်သည််။ကြည့်ရတာ သူ့ဆီကသံလိုက်အိမ်မြှောင့်ကြောင့်ပဲသိသွားတာထင်ပါရဲ့။ဟန်ဆောင်နေစရာမလိုတော့ပြီမို့ ခြေထောက်ကို ခြေချိတ်ကာပြောင်းထိုင်လိုက်ပြီး စကားစလိုက်သည်။
""ကူးပြောင်းလာသူလို့ပဲပြောရမလား...
သေချာပြောရရင်တော့ ဖြတ်လမ်းကနေလိုက်လာတဲ့သူပေါ့...ရည်ရွယ်ချက်ကတော့ မင်းရဲ့လက်ရှိသားကိုယူဖို့...""ထိုစကားကိုကြားမှ ဆူရှန်းသက်ပြင်းချလိုက်မိပေမယ့် သိပ်တော့မယုံကြည်သေးပေ။ထိုကြောင့် တဖက်လူဆီက ဘာသဲလွန်စများရဦးမလဲမျက်ချည်မပြတ်ကြည့်လို့နေ၏။ဆိုးဂျွန်ကလဲ သိပ်တွန်းအားမပေးပေ။ပြောရရင် tagetမတူတဲ့ hostတစ်ယောက်နဲ့တွေ့ရတာသူ့အတွက်ကောင်းတာပဲလေ။ဇာတ်ကြောင်းကိုကြိုသိရတာပေါ့
YOU ARE READING
2 choice(You&Universe)
RomanceBL Not translate~~~~ Daily update~~ CV and Inline photo from pinterest