2

3.1K 364 19
                                    

Uni
=======
""မဂ်လာပါကျနော်နာမည်နေ့စွဲတည်ပါ တွေ့ရတာဝမ်းသာပါတယ်....""

စေရာ သူ့ဆီကို ကမ်းလာတဲ့ တည်ရဲ့လက်ဖဝါးကိုသူကြည့်လိုက်သည်။သူ မျှော်လင့်ထားသလိုပဲ တည်ကသူတို့စတွေ့တုန်းကလိုမျိုး မျက်ဝန်းနက်နက်ကလေးများဖြင့် သူ့ကိုကြည့်ကာ သူ့ရဲ့မထူမပါးသောနှုတ်ခမ်းများကိုလှုပ်ခတ်ရင်း သူ့ကိုပြောလာသည်။တွေ့ရတာဝမ်းသာပါသည်တဲ့လေ

တည်က သူလက်ဆွဲနှုတ်ဆက်ရတာမကြိုက်ဘူးထင်ပြီး လက်ကိုနောက်ပြန်ဆုတ်လိုက်တော့ စေရာပြန်ဖမ်းဆုပ်ကာ နှုတ်ဆက်လိုက်၏။

""တွေ့ရတာ ဝမ်းသာပါတယ်..တည်...""

""တည်....""

""အင်း...ကိုယ့်အဲ့လိုခေါ်လို့အဆင်ပြေတယ်မလား..""

""ရပါတယ်..ဘယ်သူမှကျနော့်ကိုအဲ့လိုမခေါ်ဘူးတော့ တမျိုးဖြစ်သွားလို့ပါ...""

တည်က အားတုံ့အားနာရယ်လိုက်ရင်း...

""စေ...ကျနော်အဲ့လိုခေါ်လိုဖြစ်တယ်မလား...""

ဟိုအရင်တုန်းကခေါ်သလိုမျိုး တည်ကသူ့ကိုခေါ်လာတော့ စေပြုံးလိုက်သည်။သူပြုံးလိုက်တော့ ဘယ်ဘက်ပါးက ပါးချိုင့်ကထင်းသွားသဖြင့်မိုင်တောင် ငေးခနဲဖြစ်သွားသည်။ဇာတ်လိုက်မကချစ်စရာလေး...

""ရပါတယ်...""

စေရာက ပြောလိုက်ပြီး တဆက်တည်းမှာပဲ

""တည်က ကိုယ့်ရဲ့PAလုပ်ပေးရမယ် 24/7ကိုယ်အနားရှိပေးရမယ်...""

စေဆီက စကားကိုကြားတော့မိုင်ပြုံးလိုက်သည်။missionပြီးဖို့အတွက် ဒီလောက်ကောင်းတဲ့အခွင့်အရေးကြီးကို သူလက်လွှတ်စရာလား....

""ကောင်းပါပြီ...""

""ဒါဆိုကိုယ့်အိမ်ကို လိုက်ခဲ့....""

သူကပြောလိုက်ပြီး ကားသော့ကိုယူလိုက်ကာ
တည်နဲ့ Entertainmentကနေထွက်ခဲ့သည်။

""ဝင်လေ...""

သူ့ကို မောင်းသူဘေးကကားတံခါးကိုဖွင့်ပေးကာ စေကပြောလိုက်တော့ မိုင်အနည်းငယ်ကြောင်သွားသည်။စေက သူ့ကား သူများမောင်းတာမကြိုက်လို့လို့ သူထင်လိုက်သည်။

2 choice(You&Universe)Where stories live. Discover now