""မင်းအနေနဲ့ ဘာလို့စေ့စပ်ပွဲဖျက်ချင်နေလဲ ဦးမသိပေမယ့် ဦးဘက်ကတစ်ခွန်းထဲပြောရမယ်ဆိုရင်တော့မဖျတ်ပေးနိုင်ဘူး....""
သူ့ရှေ့ကဆိုဖာမှာထိုင်နေတဲ့ ခရစ်ရှနား၏အဖေဖြစ်သူ ရှီဗာဆိုတဲ့ လူကြီးက လက်တဖက်ဖြင့်သူ့ရဲ့မုတ်ဆိတ်မွှေးများကိုအသာစွဲရင်းပြောလာသည်။
ရှေးရိုးစွဲနိုင်ငံတစ်ခုရဲ့အစဉ်အလာတစ်ခုလိုဖြစ်နေတဲ့
စေ့စပ်ပွဲပျက်သွားတဲ့သူတွေကို ဘယ်သူမှလက်မထပ်ချင်ကြတဲ့အကျင့်ကြောင့်ရယ်၊တစ်ဦးတည်းသောသမီးဖြစ်သည်သာမက ခရစ်ရှနားက မိတဆိုးသမီးလဲဖြစ်တာကြောင့် သမီးကိုသိပ်ချစ်သူရှီဗာဘက်က
စေ့စပ်ပွဲမဖျက်ပေးမှာကို ဆိုးဂျွန်အနေနဲ့သိထားပြီးသား။ပြောရရင် ဒီကိုစေ့စပ်ပွဲဖျက်ပေးဖို့လာပြောတာက သတိပေးရုံသက်သက်ပဲ။ဒါကိုမှ စေ့စပ်ထားတာမဖျက်ပေးရင်တော့ နောက်လုပ်မယ့်အလုပ်တွေက သူ့ဘက်က အလွန်မဟုတ်တော့ဘူးလေ။မုတ်ဆိတ်မွှေးတွေနဲ့ဆန့်ကျင်စွာ ဦးခေါင်းကတော့
တလက္လက္ထေနတဲ့ လူကြီးကို ဆိုးဂျွန်ကြည့်လိုက်သည်။""ဦး...ဒီလိုပြောမယ်ဆိုတာကိုကျနော်သိပြီးသား....""
ပြောရင်း သူ့ဖုန်းကိုထုတ်ကာတစုံတရာကိုရှာနေတဲ့ ခန်းကိုကြည့်ပြီး ဦးရှီဗာတစ်ယောက်မကောင်းတဲ့ခံစားချက်များကိုရနေတယ်။သူ့လက်ထဲကိုရောက်လာတဲ့ဖုန်းကိုယူကာကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်မှာမြင်လိုက်ရတာက ဗီဒီယိုတစ်ခု။ဖွင့်ကြည့်ပြီးမှာတော့ ကြားလိုက်ရတဲ့အသံတွေနဲ့ရုပ်ပုံများကြောင့် ဦးရှီဗာချက်ချင်းပဲ ထိုဗီဒီယိုကိုဖျက်ဖို့လုပ်လေသည်။
ထိုအခါ ဆိုးဂျွန်ကချက်ချင်းပဲ ဖုန်းကိုဆွဲယူလိုက်သည်။သူဖုန်းကိုကြည့်လိုက်တော့ ဗီဒီယိုကပျက်သွားချေပြီ။သူ့ကိုအောင်နိုင်သူအပြုံးနဲ့ကြည့်နေတဲ့ ဦးရှီဗာကိုကြည့်ကာပြုံးလိုက်သည်။သူ့အပြုံးကိုမြင်တဲ့ ရှီဗာခဗျာထိတ်လန့်သွားချေ၏။
""ကျနော် copyမကူးထားဘူးမ်ား ဦးထင်နေတာလား.....""
""ပထမတစ်ချက်...ကျနော်ဒါကိုလိုင်းပေါ်တင်လိုက်မယ်...ဒီvdကိုမြင်ရင်ဘယ်သူကမှဒီလို ချိန်းခြောက်အကျပ်ကိုင်တတ်တဲ့မိန်းကလေးကိုလက်ထပ်ချင်မယ်မထင်ဘူးနော်.....
BINABASA MO ANG
2 choice(You&Universe)
RomanceBL Not translate~~~~ Daily update~~ CV and Inline photo from pinterest