3

2.9K 376 16
                                    

Uni
========
အဖြူရောင်စောင်က မိုင့်ရဲ့တကိုယ်လုံးကိုဖုံးအုပ်ထားပြီးသူ့ရဲ့မျက်ဝန်းတစ်စုံသာ ထွက်ပေါ်နေသည်။သူကအိပ်ချင်လို့ တဝှါးဝှါးသမ်းနေပေမယ့် အိပ်မပျော်သေး၍ မျက်လုံးတစ်စုံကကြောင်နေ၏....

ထုန်....(သံကုတင်မြည်သံ)

တစ်စုံတစ်ယောက်က သူ့အပေါ်ထပ်ကုတင်ပေါ်ပြုတ်ကျလာသလိုမျိုးအသံကြားလိုက်ရ၏....
ထို့နောက်လူတစ်ယောက် ဝင်အိပ်သလိုမျိုးသူ့အပေါ်အိပ်ယာက နစ်ဝင်ပြီးဖောင်းလာ၏။

ရှပ်....ရှပ်

ထိုစဥ်ကုတင်အောက်က တစ်စုံတစ်ခုဖြတ်ပြေးသံကြောင့်သူအောက်ကိုခေါင်းငုံ့ကာ ငုံ့ကြည့်လိုက်တော့ ဘာမှမရှိချေ....
ထို့နောက်သူ့အပေါ်ဘက်က ကုတင်ကိုပြန်ကြည့်လိုက်တော့ ဘာမှမဖြစ်ခဲ့သလို သာမန်အတိုင်းပဲဖြစ်၏....

ဒါကိုမြင်တော့ အိပ်ချင်စိတ်ကြောင့်မျက်လုံးအမြင်မှားတယ်ထင်လိုက်ပြီး သူစိတ်သက်
သာရာရသလို သက်ပြင်းချလိုက်ရင်း စောင်ခြုံကာအိပ်ပျော်အောင် ပြန်အိပ်ဖို့ပြင်လိုက်၏။ဒါပေမယ့် သူ့ကိုအပေါ်စီးကနေကြည့်နေတဲ့ အကြည့်စူးစူးကိုခံစားမိတာကြောင့် သူ့အိပ်ယာခေါင်းရင်းကို မော့ကြည့်လိုက်တော့......

ကုတင်ခေါင်းရင်းမှာ ခြေစုံရပ်ကာသူ့ကို မည်းနက်နေသော မျက်ဝန်းတစ်စုံနှင့် ရပ်ကြည့်နေသောမိန်းမတစ်ယောက်။

ထိုမိန်းမက သူမကိုသူပြန်ကြည့်နေတာမြင်တော့ သူ့ကိုရယ်ပြလာ၏။သူမပါးစပ်မှာချွန်ထက်နေသောသွားတွေအပြည့်ဖြင့်......

မိုင်အလန့်တကြား အိပ်ယာထဲကအလူးအလဲ ထလိုက်တော့အပြင်မှာမိုးစင်စင်လင်းနေချေပြီ။သူ့နားထင်တွေနဲ့ ကျောကုံးမှာလဲချွေးစေးတွေရွဲနစ်လို့နေပြီ။အခန်းထဲမှာလဲ သူကလွဲပြီး ဘယ်သူ့မှမရှိချေ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မိုင်အလန့်တကြား အိပ်ယာထဲကအလူးအလဲ ထလိုက်တော့အပြင်မှာမိုးစင်စင်လင်းနေချေပြီ။သူ့နားထင်တွေနဲ့ ကျောကုံးမှာလဲချွေးစေးတွေရွဲနစ်လို့နေပြီ။အခန်းထဲမှာလဲ သူကလွဲပြီး ဘယ်သူ့မှမရှိချေ။

2 choice(You&Universe)Where stories live. Discover now