3

1.9K 226 19
                                    

Uni
======
ပြတင်းပေါက်ကိုဖြတ်သန်းလာတဲ့ နေရောင်
ခြည်နွေးနွေးက King sizeအိပ်ယာကြီးတခုရဲ့အလယ်မှာအိပ်ပျော်နေတဲ့ကောင်လေးရဲ့မျက်နှာပေါ်ကိုဖျာကျလာသည်။သူ့ရဲ့မျက်
နှာပေါ်ကို ကျလာတဲ့နေရောင်ကြောင့် ထိုကောင်လေးက မျက်နှာကိုရှုံ့လိုက်ပြီးစောင်ကို သူ့ခေါင်းအပေါ်ထိဆွဲခြုံလိုက်သည်။

""နိုးနေရင်လဲထတော့....""

ဆိုးဂျွန် စောင်ကိုဆွဲခွာလိုက်ပြီး ကောင်လေးရဲ့နားနားကိုကပ်ကာပြောလိုက်တော့ Laim
ဆက်ပြီး ဟန်ဆောင်လို့မရတော့ပြီမို့မျက်လုံး
တဖက်ကပွင့်၍လာသည်။

Leoက ကုတင်ကိုတင်ပါးလွှဲဝင်ထိုင်လိုက်ပြီး Laimရဲ့ငှက်သိုက်လိုထိုးထိုးထောင်ထောင်ဖြစ်နေတဲ့အညိုရောင်ဆံပင်တွေကို ကြည့်နေသည်။

""ခဗျားအိမ်ကိုခေါ်လာတာလား....""

Laimငုတ်တုတ် ထထိုင်လိုက်ပြီး Leoကိုကြည့်ကာပြောလိုက်သည်။လီယိုခေါင်းငြိမ့်ပြလိုက်တာကိုမြင်တော့ သူက

""ဒါဆို ကျေးဇူးတင်ပါတယ်...ကျနော့်ကိုပြန်ခွင့်ပြုပါဦး....""

ပြောရင်း ကုတင်ပေါ်ကဆင်းပြေးတော့မယ်ကောင်လေးကို Leo ပုခုံးကနေဆွဲကာ ကုတင်ပေါ်ပြန်ဖိချလိုက်သည်။

""ဘာတွေလောနေတာလဲ....""

သူ့ကိုအပေါ်စီးကနေ ငုံ့ကြည့်ကာပြောလာတဲ့သူကြောင့်Laimတံတွေးမြိုချလိုက်သည်။

""မင်းလူတစ်ယောက်ကိုအပြစ်ပြုထားတယ်...အခုဘာဆက်လုပ်မှာလဲ....ကြည့်ရတာအနုပညာလုပ်ငန်းထဲဆက်နေလို့ရမယ့်ပုံမပေါ်ဘူးနော်""

""ကျနော်...""

Laimဘာပြောရမလဲမသိပေ။စဥ်းစားရင်းနဲ့မှ မစ္စတာအိုလက်စ်ဘက်က သူ့ကိုအလွတ်ပေးမယ့်ပုံစံမရှိချေ။ပြီးတော့ညတုန်းကမှ ထိုလူကိုသူအပြစ်ပြုမိထားသေးသည်။အိုလက်စ်သာ သူ့ကိုရုပ်ရှင်လောကမှာမနေစေချင်ဘူးဆိုရင်လွယ်လွယ်လေးလုပ်လို့ရသည်။သရုပ်ဆောင်သည့်အလုပ်က သူ့ဝါသနာမို့ဒီလောကကြီးထဲကဒီလိုမျိုး အလွယ်တကူထွက်မသွားချင်ပေ။ပြောရရင် သူ့မှာအားကိုးစရာလူလဲမရှိဘူး။

2 choice(You&Universe)Where stories live. Discover now