Uni
=======
""ဘာလို့တန့်ဟူလူကိုတစ်ချောင်းထဲဝယ်တာလဲ....""""ကိုယ်မှာပိုက်ဆံမပါလာလို့....""တကယ်တော့မင်းနဲ့တစ်ချောင်းထဲတူတူစားချင်လို့
ကျင့်ကြံသူတစ်ယောက်ကပိုက်ဆံမရှိဘူးဆိုတာဖြစ်နိုင်ပါ့မလား...မဖြစ်နိုင်ဘူးလေ။ဒါကိုသိတဲ့ချန်ယုကတမင်မသိချင်ယောင်ဆောင်လိုက်ပြီး ဘာလို့လဲဆိုတာလီချိုးကိုဆက်ပြီး မေးမနေတော့ဘူး။သူက ချောင်းကလေးကိုဖြတ်ဆောက်ထားတဲ့ တံတားလေးပေါ်ရပ်ရင်းနဲ့ တချောင်းထဲသောတန့်ဟူလူကို ကိုင်ထားတဲ့ သူ့အရှေ့ကလီချိုးကိုကြည့်လိုက်တယ်။ချန်ယု သူ့ကိုကြည့်နေတာမြင်တော့ လီချိုးကပြုံးကာ ပြောလိုက်တယ်။
""ကလေး...မင်းတန့်ဟူလူကိုဘယ်လိုစားရမလဲမသိဘူးမလား....""
လီချိုးက မေးလိုက်တော့ချန်ယုက ခေါင်းခါပြလိုက်၏။အဲ့တာက ဒီအတိုင်းဝါးစားလိုက်ရုံပဲမလား...ဘာတွေခက်နေလို့လဲ....
""လာ...ဒါကိုကိုက်လိုက်...""
လီချိုးက ချန်ယုဘက်ရှိရာဘက်ကိုသူ့လက်ထဲကတန့်ဟူလူကိုထိုးပေးရင်းပြောလိုက်သည်။ချန်ယုဟာ တွန့်ဆုတ်စွာနဲ့ သူဘက်ကိုထိုးပေးလာတဲ့ တန့်ဟူလူတစ်ခြမ်းကို ကိုက်လိုက်သည့်အချိန်မှာ လီချိုးဟာလဲသူ့ဘက်ကတခြမ်းကိုကိုက်လိုက်လေတယ်။နှစ်ဦးသားရဲ့နှုတ်ခမ်းဖျားများဟာထိစပ်သွားပြီး နီရဲရဲတန်ဟူလူရဲ့ချိုမြမြအရသာဟာ နှစ်ဦးသားရဲ့ပါးစပ်ဖျားမှာစွဲထင်သွားစေတယ်။
ချန်ယုရဲ့မျက်လုံးဟာ အံ့သြမှုကြောင့်ပြူးကျယ်သွားပြီး လီချိုးဆီကနေရုန်းထွက်တော့တယ်။ဒါကိုသိတဲ့လီချိုးက ချန်ယုမသိ
ခင်ကတည်းက ချန်ယုရဲ့ခါးကို သူ့ရဲ့လက်တဖက်နဲ့ဖက်တွယ်လို့ထားပြီးသားပင်ဖြစ်တယ်။တန်ဟူလူရဲ့အချိုကြောင့်လား...
သူနှုတ်ခမ်းဖျားမှာခံစားနေရတဲ့လီချိုးရဲ့နှုတ်ခမ်းအပူရှိန်ကြောင့်လားမသိပေ။ချန်ယုရဲ့စိတ်ထဲမှာ ရှက်ရွံသလိုခံစားလိုက်ရတယ်။ဒါပေမယ့် သူ့ကမိစ္ဆာကျင့်စဥ်နဲ့ သူ့ရဲ့ခံစားချက်တွေကိုချိတ်ပိတ်ထားသူမို့ ဒီခံစားချက်ကို သာမာန်လို့သာသဘောထားလိုက်တယ်။
YOU ARE READING
2 choice(You&Universe)
RomanceBL Not translate~~~~ Daily update~~ CV and Inline photo from pinterest