5

3K 349 17
                                    

Uni
======
"" ငါမင်းရဲ့လုပ်ပုံကိုင်ပုံတွေကိုသဘောကျတယ်...ရက်.""

ဘုရင်အလက်ဇန္နားက သူ့လက်ထဲကအရက်ခွက်ကိုတငုံသောက်ကာချလိုက်ရင်း ထနဖွန်ကိုကြည့်ကာပြောလိုက်သည်။သူက နေမဝင်အင်ပါယာ၏ဘုရင်ဖြစ်ရတကား။သူကပဲဆက်ပြီး...

""ငါကြားတာ မင်းယောကျာ်းတစ်ယောက်ကိုလက်ထပ်လိုက်လို့ထီးနန်းဆက်ခံဖို့မလွယ်တော့ဘူးဆို....""

""ဒီလိုဆိုဘယ်လိုလဲ..ငါ့သမီး..အဲလိဇဘက်က အရင်တခါဒီကိုလာလည်ကတည်းက မင်းကိုသဘောကျနေတာ...သူ့ကိုလက်ထပ်လိုက်ရင်းမင်းထီးနန်းရဖို့သေချာနေပြီလေ...""

သူ့ပြောလိုက်တာကိုကြားတော့ ဘေးနားမှာတူတူထိုင်နေတဲ့သူများက အံ့သြသွား၏။မင်းသမီးအဲလိဇဘက်က ဘုရင်အလက်ဇန္နား၏တစ်ဦးတည်းသောသမီးဖြစ်ပြီး နောက်တတ်မည့်ဘုရင်မအဖြစ်သတ်မှတ်ခံထားရသူဖြစ်သောကြောင့်ပင်။အဲလိဇဘက်ကိုယူလိုက်ပါက ကမ္ဘာတစ်ခုလုံးကိုအပိုင်ရသလိုပင်။ဗြိတိသျှတို့၏ နေမဝင်အင်ပါယာကား တမ္ဘာတစ်ခုလုံးနီးပါး ကျယ်ဝန်းလှသည်မဟုတ်ပါလား...

""ဘယ်လိုလဲ..ရက်ရေ...ငါ့သမီးကိုယူပြီး...
ကမ္ဘာတစ်ခုလုံးကို အုပ်စိုးဖို့စိတ်မဝင်စားဘူးလား...""

""ကျနော်...ကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်ရပြီးပါပြီ..""

ထနဖွန်၏ စကားကိုကြားတော့ဘုရင်အလက်ဇန္နားကအံ့သြသွားပြီး ချက်ချင်းသဘော
ပေါက်သူများကပြုံးလိုက်ကြ၏။ဘုရင်အလက်ဇန္နားက ခနနေတော့ သတိဝင်လာကာခေါင်းငြိမ့်လိုက်ပြီး...

""ကိုယ်ချစ်တဲ့သူနဲ့အတူတူနေရတာက ကမ္ဘာတစ်ခုလုံးကိုပိုင်ဆိုင်ရသလိုပဲလို့ ငါ့အဖေကပြောဖူးတယ်...အဲ့အဓိပ္ပါယ်ကို အခုမှပဲငါသိတော့တယ်..မင်းနောင်တမရဘူးဆိုတာ သေချာလားရက်...""

""ကျနော်...နောင်တမရပါဘူး...""

""တကယ်လို့ မင်းနောင်တရမယ်ဆိုရင်တောင်ငါကသိပ်စောင့်နိုင်မှာမဟုတ်ဘူးနော်...""

ဘုရင်အလက်ဇန္နားက ပြောရင်းထရပ်လိုက်၏။သူဒီမှာဆက်နေပါမှ ထူးဆန်းနေလိမ့်မည်။သူ့လိုဘုရင်တပါးက ကမ်းလှမ်းတာတောင် အငြင်းခံလိုက်ရသည်မဟုတ်ပါလား...။ထို့အပြင်သူကသမီးရှင်ဖြစ်သေးသည်လေ...

2 choice(You&Universe)Tahanan ng mga kuwento. Tumuklas ngayon