ပါးပါးရဲ့အတွင်းရေးမှူးအကူအညီနဲ့ သူ့ပစ္စည်းတွေကို ကျောင်းနားကကွန်ဒိုကိုပို့လိုက်ပြီး ဝူယောင်းတစ်ယောက်ကျောင်းသွားဖို့ပြင်လိုက်သည်။ အဖြူရောင်ကျောင်းဝတ်စုံပေါ်မှာနက်ပြာရောင်ဂုတ်လေးထပ်ပြီးဝတ်လိုက်ကာ အညိုရောင်ဆံပင်ပျော့ပျော့လေးနဲ့လိုက်ဖတ်နေတာကြောင့် သူ့ရဲ့ပုံစံကso cute......
""ဒေါက်...ဒေါက်...ဒေါက်""
ဝူယောင်းမှန်ကြည့်နေတုန်း တံခါးခေါက်သံကြားလိုက်ရတာကြောင့် အံသြသွားတယ်။
""ဘယ်သူလဲဟ ""
ဝူယောင်းတစ်ယောက်ထဲ တိုးတိုးပြောလိုက်ပြီး တံခါးသွားဖွင့်လိုက်တော့ ကွန်ဒိုရှေ့မှာရပ်နေတဲ့ဇာတ်လိုက်။
""ယောင်းလေး...ငါမင်းအိမ်ရောက်သွားသေးတယ်မင်းအဖေက ဒီကိုပြောင်းသွားပြီလို့ပြောလို့ငါလိုက်လာတာ ငါ့ကိုအသိလဲမပေးဘူး""
ဇာတ်လိုက်ကဆူသလိုပုံစံနဲ့ပြောလာတာကြောင့်ဝူယောင်းမျက်လုံးရှေ့ကျလာတဲ့ ဆံပင်တွေကို ပါးစပ်ထဲက လေနဲ့မှုတ်လိုက်ရင်း
""အင်း ငါမေ့သွားလို့""
ဂျွန်ယောင်းဒီနေ့မှဝူယောင်းကိုသေချာကြည့်မိတယ် အရင်လိုမဟုတ်ပဲဒီနေ့မှယောင်းလေးကချစ်ဖို့ကောင်းနေသလိုပဲ။
ဝူယောင်း ကျောပိုးအိတ်ကိုဆွဲယူလိုက်ရင်း
သူ့ကိုရပ်ကြည့်နေဆဲဖြစ်တဲ့ ဇာတ်လိုက်ကို""မင်း ငါနဲ့အတူကျောင်းသွားဖို့လာခေါ်တာမလား""
""အင်းလေ အရင်ထဲကတူတူသွားနေကြကို
ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား""
သူ့နှဖူးပေါ်လက်တင်ပြီးမေးလာတဲ့ ဇာတ်လိုက်ကြောင့် သူရှက်သွားတယ်ဒါလဲအရင်ဝူယောင်းရဲ့ခံစားချက်ပဲနေမှာပါ ဝူယောင်းတစ်ယောက်ခေါင်းခါလိုက်ရင်း
""ဒါဆိုသွားမယ်လေ ဘာရပ်လုပ်နေတာလဲ""
သူတို့နှစ်ယောက်ကျောင်းရှေ့ရောက်လာတော့သူတို့နှစ်ယောက်ကိုစိုက်ကြည့်နေကြတဲ့မျက်လုံးတွေ ပြီးတော့သရေတမြှားမြှားနဲ့အငမ်းမရကြည့်နေတဲ့ကျောင်းသူတစ်သိုက်မသိရင်မိုးပေါ်ကနတ်သားနှစ်ပါးကျလာသလို ဘာလိုလိုအမှန်ဆိုသူ့ကိုပိုကြည့်တာဆိုပိုမှန်မယ် အရင်ဝူယောင်းကမပြင်မဆင်နဲ့ဆိုတော့ လူရုပ်မထွက်ဘူးလေ
YOU ARE READING
2 choice(You&Universe)
RomanceBL Not translate~~~~ Daily update~~ CV and Inline photo from pinterest