Part-8

3.2K 338 11
                                    


Uni
======
ဒိုင်းခနဲထွက်ပေါ်လာသော သေနတ်သံကြောင့်မိုင်ရောဇိုင်းရော သေနတ်လုနေရာကနေရပ်တန့်သွား၏။ သေနတ်ကလဲ နှစ်ယောက်စလုံးလက်ကနေ အောက်ကြမ်းပြင်ဆီဒေါက်ခနဲကျသွား၏။

သေနတ်လုတာခြင်းအတူတူ နစ်ကကျကံကြမ္မာသားတော်ဖြစ်နေလို့မပစ်မိဘဲ ငါ့ကျမှပစ်မိလေခြင်းလို့တောင်တွေးမိတယ်...။ခါးကို လက်နဲ့စမ်းလိုက်တော့ ပါလာတဲ့သွေးတွေကိုကြည့်ပြီး သေနတ်ပစ်ခံရတာ ဒီလိုပါလားလို့မိုင်တွေးလိုက်၏။ထင်သလောက်လဲမနာပါလား ပူခနဲဖြစ်သွားရုံလောက်သာ...

""မဟုတ်ဘူး...""နစ်လဲ ရုတ်တရက်မို့ဘာလုပ်လို့ဘာကိုင်ရမည်မသိ သူ့ရှေ့ကလဲကျသွားတဲ့ဆယ့်ခန္ဓာကိုယ်ကိုသာထွေးပွေ့၏။

""ကိုယ်မရည်ရွယ်ဘူး...ကိုယ်ဒီတခါတကယ်မရည်ရွယ်ပါဘူး...""ဆယ့်ခန္ဓာကိုယ်ကိုသူ့ရင်ခွင်ထဲထွေးပွေ့ရင်း ထပ်ခါထပ်ခါပြောရင်းငို၏။

ချာရွန်လဲ ဆယ့်ဆီအပြေးလာရင်းထွေးပွေ့၏။ဆယ့်ကသူတို့နှစ်ယောက်၏ ထွေးပွေ့မှုကြားမှာဟောဟဲလိုက်လို့နေပြီး အသက်ကိုရုန်းကန်ရှုလျက်သား။

""အဟွတ်....""ချောင်းဆိုးလိုက်တော့ သွေးတွေက ပွက်ခနဲ ဆယ့်ပါးစပ်ကနေအန်ထွက်၏။အကျီအဖြူတစ်စုံလုံးလဲ ဒဏ်ရာကထွက်လာတဲ့သွေးတွေကြောင့် ရဲရဲနီလိုနေပြီး အဖြူရောင်လို့ပြောလို့မရအောင် ညစ်ထေးလို့နေ၏။

[ချစ်လှစွာသောhostရေ hostသေတော့မယ် ဒီတခါmissionကျရှုံးတယ်နော်]

*မင်းအသံက ဘာလို့ဝမ်းသာတဲ့အသံပေါက်နေတာလဲ*

Bun[..........] သိသာသွားလား...

နစ်နဲ့ချာက သူတို့ရင်ခွင်ထဲမှာအသက်ကိုလုရှုနေရတဲ့ ချစ်ရသူကိုကြည့်ပြီး ထပ်တူခံစားနေရသယောင်။

""ငါ....""ဆယ် စကားပြောဖို့ပြင်တော့ ချာရွန်ကပြောလိုက်၏။

""စကားမပြောနဲ့နော်...ကိုယ်မင်းကိုဆေးရုံပို့ပေးမယ်နော်...""

""ဟုတ်တယ်...ဆေးရုံပို့ရမယ်...""

ချာရွန်ပြောလိုက်တော့မှ နစ်ကသတိဝင်လာပြီးဆယ့်ကို ဆေးရုံပို့ဖို့လုပ်၏။

2 choice(You&Universe)Where stories live. Discover now