4

4.5K 421 6
                                    

ပိုင်ယွီရှန့် လီနိုင်ငံကိုရောက်တာတစ်လမျှရှိပြီဖြစ်တယ်။ဒါပေမယ့်သူပျော်မနေဘူး။လီဝမ်ရဲ့ကိုလဲနန်းတော်ကိုရောက်ကထဲက မတွေ့ရတော့ချေ။နန်းတွင်းရေးရာတွေနဲ့ အလုပ်ရှုပ်နေတာလို့ Bunကတဆင့်သိရတယ်။လီဝမ်ရဲ့ကသူ့အနားမှာ အစေခံအများကြီးထားပြီး လိုလေသေးမရှိအောင်ထားပေမယ့် ယွီရှန့်လိုနေတာသူ့ချစ်သူ့ရဲ့ထွေးပွေ့မှုလေ။Bunကလဲ အခုရက်ပိုင်းတအားပျောက်နေတော့သူ့မှာ စကားပြောဖော်လေးတောင် မရှိတော့ဘူး။

""ဟူး...""ပိုင်ယွီရှန့်သက်ပြင်းလေးကိုအသာချရင်း ပြတင်းပေါက်အပြင်ဘက်ကို လက်ထောက်ကာငေးကြည့်နေလိုက်တယ်။

လီဝမ်ရဲ့ညီလာခံပြီးလို့ ပိုင်ယွီရှန့်ရဲ့အဆောင်ထဲကိုဝင်လာလာခြင်း တွေ့လိုက်ရတာက ပြတင်းပေါက်ပေါ်လက်တင်ကာ ပျင်းတိပျင်းရွဲထိုင်နေတဲ့ပုံရိပ်လေးကိုပဲဖြစ်တယ်။ကြည့်ရတာသူရောက်လာတာကိုသိဟန်တောင်မတူ။ဒီကလေးငယ်ဘာတွေစဥ်းစားနေပါလိမ့်ဆိုတဲ့အတွေးနဲ့ အသံမထွက်အောင်အနားနားကပ်ကာသွားရပ်နေခဲ့သည်။

""ကလေး...""နားနားကပ်ကာ ခေါ်လိုက်တဲ့အသံကြောင့် ယွီရှန့်လွမ်းနေရတဲ့စိတ်တို့နဲ့ ဝမ်ရဲ့ကိုဖက်လိုက်မိသည်။ဝမ်ရဲ့လဲ ရင်ခွင်ထဲအင့်ခနဲဝင်လာတဲ့ကလေးငယ်ကိုအလိုက်သင့်ပြန်ဖတ်ပေးလေသည်။

""လွမ်းနေတာ..""ရင်ခွင်ထဲက ကလေးငယ်ရဲ့အသံတိုးတိုးလေးက လီဝမ်ရဲ့ရင်မှာကြည်နူးစေသည်။

""ကလေးက ကိုယ့်ကိုလွမ်းနေတာပေါ့....""လီဝမ်ရဲ့မေးလိုက်တော့ ခေါင်းအသာငြိမ့်ပြသည်။နီရဲနေတဲ့နားရွက်လေးတွေကြောင့် ဒီကလေးငယ်ရှက်နေသည်ဆိုတာသိသည်လေ။ကြမ်းကြမ်းတမ်းတမ်းနဲ့ လူသတ်ခဲ့တဲ့ကလေးငယ်မှာလဲ ဒီလိုချစ်စရာဘက်ခြမ်းလေး ရှိသေးသည်ကိုး။

""ခဗျားရော ကျနော့်ကိုမလွမ်းဘူးလား..""ကြောင်ပေါက်လေးလိုမိမိရင်ဘက်ကို သူ့ရဲ့ပါးပြင်နဲ့ပွတ်ရင်းမေးလာခဲ့သည်မို့ လီဝမ်ရဲ့စချင်လာမိသည်။

""ဘယ်သိမလဲနော်...မလွမ်းဘူးလို့ထင်တာပဲ...""

""ခဗျားနော်....""ပြောရင်းနဲ့ ငိုတော့မည့်မျက်နှာလေးလိုဖြစ်လာသည့်မို့ လီဝမ်ရဲ့အမြန်ပြန်ချော့ရသည်။

2 choice(You&Universe)Donde viven las historias. Descúbrelo ahora