Arc-6မောင်စေလိုရာစေ

3.8K 364 9
                                    

Uni
=======
""သူ့ရဲ့အသဲကိုခွဲပေးရင်....ငါမင်းကိုသိန်းတစ်ထောင်ပေးမယ်....""

ကိုယ်ရေးဖိုင်တစ်ခုကို သူ့ရှေ့ထိုးပေးရင်းပြောလာတဲ့လူကြောင့်မိုင် သူ့ဘယ်ဘက်မျက်ခုံးကိုပင့်လိုက်၏။သူ့ရှေ့မှာထိုင်နေသည့်လူက မျက်လုံးမျက်ခုံးကောင်းကောင်းဖြစ်ကာ ဖြောင့်စင်းနေသောနှာတံနှင့် အနည်းငယ်နီသောနှုတ်ခမ်းများကပါးလျလျ။ခြုံကြည့်လိုက်လျှင် ထိုလူကခန့်ညားသော အမျိုးသားတစ်ယောက်ပင်။

ထိုသူက အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို ဝတ်ဆင်ထားသည်။သူကသူ့လက်ချောင်း
တို့ကိုအချင်းချင်းယှက်ကာ စားပွဲပေါ်တင်ထားရင်း မိုင့်ဆီကအဖြေကိုစောင့်နေဟန်ရ
၏။

မိုင် သူပေးလာတဲ့ဖိုင်ကိုယူကာတချက်ကြည့်လိုက်ရင်း....

""ကောင်းပြီ...""

""ငါ့ကို စိတ်မပျက်စေနဲ့...""

မင်းဆက်သစ်က သူ့ရှေ့ကလူရဲ့အဖြေကြောင့်စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်
၏။အကယ်၍များ စေလိုရာက သူချစ်နေတဲ့လူက သူ့ကို အပေးအယူနဲ့ လာကြိုက်တာမှန်းသိသွားရင် ဖြစ်နေမည့်ရုပ်ကိုသူကြည့်ချင်ပါသည်။ဒါမင်းကိုကိုယ်ပေးတဲ့အပြစ်ပဲ စေရေ။သူက ထွက်ခွာသွားတဲ့လူရဲ့နောက်ကျော
ကို ကျေနပ်စွာကြည့်လိုက်ပြီးပြုံးလိုက်၏။
တကယ်လို့များ ဒီနေ့ကကိစ္စက နောင်တချိန် သူ့ကိုနောင်တရစေမည်ဆိုတာကိုသာသိခဲ့ပါလျှင်....

မိုင် မင်းဆက်သစ်နှင့်ချိန်းထားတဲ့ဆိုင်အပြင်မှာရပ်ကာ သူ့ဖုန်းထဲ ငွေလွှဲလာသည့် msgကို ကြည့်ရင်း...

""စိတ်ချပါ ငါမင်းကိုစိတ်မပျက်စေရပါဘူး...
ဘာလို့ဆို ငါမင်းတို့နှစ်ယောက်လုံးကိုစိတ်ပျက်စေမှာမို့လို့လေ...""

ထို့နောက်သူက Taxiတစ်စီးကိုလှမ်းတားလိုက်ရင်း ထွက်သွားတော့၏။

ဒီကမ္ဘာက အသုံးသတ်မကောင်းသော BL
ဝတ္ထုတစ်ပုဒ်သာဖြစ်၏။Gongက ခုနကသူ့တွေ့ခဲ့သည့်လူဖြစ်ကာ သူ့နာမည်က မင်း
ဆက်သစ်ဖြစ်၏။Shouနာမည်က စေလိုရာဖြစ်၏။ဇာတ်လိုက်နှင့်ဇာတ်လိုက်မကကျောင်းတုန်းက ရည်းစားများဖြစ်ကာ သိုသိုဝုက်ဝုက်နှင့် အချိန်ကြာမြင့်စွာတွဲခဲ့၏။သို့ပေသိ သူတို့ကျောင်းပြီးသည့်အခါမှာတော့ အိုင်ဒေါတစ်ယောက်ဖြစ်လိုသည့် စေလိုရာက မင်းဆက်သစ်ကိုဖြတ်ကာ နိုင်ငံခြားသို့ထွက်သွားတော့၏။ထိုအခါ Gongဖြစ်တဲ့ မင်း
ဆက်သစ်က စေလိုရာ့ကို နာကြည်းသွားတော့၏။စေလိုရာနိုင်ငံခြားကပြန်လာသည့်အချိန်မှာတော့ မင်းဆက်သစ်က အရမ်းချမ်းသာသည့်CEOတစ်ယောက်ဖြစ်လို့နေပြီ။စေလိုရာက မာနရှိသူပီပီ မင်းဆက်သစ်ဆီ
ပြန်မသွားခဲ့ပါ။စေလိုရာပြန်ရောက်လာပြီကို သိသည့် မင်းဆက်သစ်က လက်စားချေသည့်အနေဖြင့် ကြေးစားအသဲခွဲသည့်ကုမ္ပဏီတစ်ခုမှ လူတစ်ယောက်ကိုငှားရမ်းပြီး စေလိုရာ့ဘေးနားကို ပို့လိုက်၏။ဒါပေမယ့် ထိုလူနဲ့အမြဲအတူရှိနေသည့် စေလိုရာကိုတွေ့တဲ့အခါ သဝန်တိုစိတ်များ ပေါက်ဖွားလာပြီးစေလိုရာကို သူလက်မလွှတ်နိုင်ကြောင်း သိလာရသည်။ထို့ကြောင့်သူက စေလိုရာ့အနားက ထိုလူကိုရှင်းထုတ်လိုက်ပြီး စေလိုရာကိုပြန်လိုက်တော့၏။စေလိုရာက တနေ့မှာတော့ သူ့ကို တမ်းတမ်းစွဲကြိုက်နေသည့်လူက ငွေကြောင့်ကပ်လာသည်ဟု သိသွားသည့်အပြင် ထိုခိုင်းသည့်လူမှာမင်းဆက်သစ်ဖြစ်မှန်းသိသွားသည့်အခါ အိပ်ခန်းအလယ်မှာ သူ့ကိုယ်သူကြိုးဆွဲချကာ သေသွားတော့သည်။

2 choice(You&Universe)Onde histórias criam vida. Descubra agora