6

1.5K 195 1
                                    

Uni
=======
""ဟာ...ဒါကနှစ်တသောင်းကြာစွယ်မလား....""

ကျင့်ကြံသူတစ်ယောက်က ထအော်တော့ကျန်သည့်လူများကလဲ သတိဝင်လာကြပြီး ခန်းမအလယ်ကပစ္စည်းများဆီအကြည့်ရောက်သွားကြသည်။တန်ဖိုးအနိမ့်ဆုံးပစ္စည်းပင်လျှင် နှစ်တထောင်ထက်မနည်းစေရတကား လောဘဇောများတတ်လာကြပြီး ခန်းမအလယ်က ပစ္စည်းများဆီပြေးသွားကြ၏။

သူတို့ထိုပစ္စည်းများကို ထိကိုင်လိုက်သည်နှင့်ခေါင်
မိုးပေါ်ကနေ လှောင်အိမ်တစ်ခုက ပြုတ်ကျလာပြီး ထိုလောဘသားကျင့်ကြံသူများကို ဖုံးအုပ်သွား၏။
အထဲမှာဘာဖြစ်နေသလဲဆိုတာ မမြင်ရသည့် ထို
အမဲရောင်လှောင်အိမ်ကြီးထဲက ကျင့်ကြံသူများ
၏အော်ဟစ်သံများထွက်ပေါ်လာပြီး ခနအကြာမှာတော့ ထိုလှောင်အိမ်ကြီးကပုံမှန်အတိုင်တိတ်ဆိတ်သွားပြီး လှောင်အိမ်အောက်ခြေကနေ သွေးတွေကစိမ့်ထွက်လာ၏။

အဖြစ်အပျက်တွေက စက္ကန့်ပိုင်းအတွင်းဖြစ်ပျက်သွားတာမို့ သီသီကလေးလွတ်သွားတဲ့လူများက လန့်ပြီးလဲတဲ့သူကလဲနှင့် ခန်းမအလယ်ကိုမရောက်သေးတဲ့ ကျန်သည့်ကျင့်ကြံသူများကလဲ ပင့်သက်ရှိုက်လိုက်ကြ၏။

ဒါပေမယ့်လောဘဇောကပိုနေသည်မို့ ထိုလှောင်
အိမ်ကြီးကိုကွေ့ပတ်ကာ စတုတ္ထထပ်ကိုကျင့်ကြံသူများက ဆက်တတ်သွား၏။ဆိုးဂျွန်သည် ချန်ယုရဲ့လက်ကိုကိုင်ကာ ဆက်တတ်မည်အပြု....

""ဘာဖြစ်လို့လဲ....""

""ကျနော်...နေလို့မကောင်းဘူး....""

ချန်ယုရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုမြင်တဲ့အခါ ဆိုးဂျွန်ကစိတ်မကောင်းဖြစ်သွား၏။

""နေလို့မကောင်းရင်...ပြန်ဆင်းကြမယ်လေ....""

သူကပြောပြီးလှည့်လိုက်တဲ့အခါ သူတို့နောက်က
တံခါးကြီးက ဘယ်တုန်းကပိတ်လို့ပိတ်သွားမှန်းတောင်မသိဘူး။

""ဖွင့်လို့ရမှာမဟုတ်ဘူး....ထွက်ပေါက်ကဆယ်သုံးထပ်မြောက်မှာရှိလိမ့်မယ်....""

လီချိုးက တံခါးဆီလျှောက်သွားမည်ပြင်တော့ချန်ယုက တားလိုက်သည်။

""အဲ့တာဆို...ဆက်တတ်ကြတာပေါ့...လာကိုယ့်ကျောပေါ်ကိုတတ်....""

သူ့ကိုကျောပေးကာပြောလာတဲ့လီချိုးကြောင့် ချန်ယုဟာ အလျင်အမြန်ပဲဖက်တတ်လိုက်တယ်။သူ့အနေနဲ့နေမကောင်းလို့ဆိုတာက သူ့ကိုယ်ထဲကသွေးတွေက ပျော်ရွှင်မှုကြောင့်မြူးခါနေလို့သာဖြစ်တယ်။ထိုပျော်ရွှင်မှုက သူ့ရဲ့ခန္ဓာကိုယ်ကိုအားနည်းအောင်လိုက်ထားသလိုဖြစ်နေတယ်။

2 choice(You&Universe)Where stories live. Discover now