Uni
======
""ခမည်းတော်နောက်ဆုတ်နေ....သားတော်ရှင်းလိုက်မယ်...""သူ့ကိုနောက်ပို့ရင်းပြောလာတဲ့ ရိန်းရဲ့ပုခုံးကို မိုင်လက်နဲ့ ဖယ်လိုက်သည်။
""မလိုဘူး.....""
မိုင်က ပြောလိုက်ရင်း ခါးကဓားကိုထုတ်ယူလိုက်သည်။သူက ဓားကိုင်ထားတဲ့လက်ကိုလှည့်လိုက်ရင်း
""သွေးပူလေ့ကျင့်ခန်းမလုပ်ရတာကြာလို့ တိုက်ခိုက်ရေးတွေကိုတောင်မေ့နေပြီ...ငါ့နဲ့ဒီမြေကြွတ်တွေကိုအတူရှင်းစမ်းပါ...""
""ဒါပေမယ့်...သူတို့ကAlphaတွေလေ...""
""ငါ့ဘက်မှာ..မင်းရှိနေတယ်လေ...""
သူ့ကိုကြည့်ကာ ပြောလာတဲ့ချင်းဟေးကြောင့် ရိန်းပြုံးလိုက်သည်။
""ဟေးဟေး...ဒီမှာလာပြီးသားအဖဇာတ်ကမနေနဲ့...""
လုပ်ကြံသူတွေထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက ပြောလိုက်သည်။
""ငါက..Betaဘုရင်ကိုရှင်းလိုက်မယ်...ကျန်တဲ့သူတွေ..အဲ့Alphaကောင်ကိုရှင်းလိုက်....""
ထိုလူက သူ့နောက်က လူတွေကိုလှည့်ကာပြောလိုက်ပြီး မိုင့်ရဲ့အနားကပ်လာသည်။
""ကိုယ်တော်ဘယ်သူလဲသိတာတောင်...လုပ်
ကြံရဲတယ် အသက်မရှင်ချင်တော့ဘူးပေါ့...""ချွင်....
ပတ်ဝန်းကျင်တွင် ဓားခြင်းထိခတ်သံထွက်ပေါ်လာသည်။19ယောက် 1ယောက်ချနေရသည်မို့ ရိန်းကချင်းဟေးကိုလှည့်မကြည့်အားပါ။ဓားကိုမြှောက်ကာ နောက်ဘက်ကနေဝင်လာတဲ့လုပ်ကြံသူတစ်ယောက်ကို လက်ထဲကဓားနဲ့လက်နောက်ပြန်ထိုးလိုက်ရင်း အရှေ့ဘက်ကနေထိုးလာတဲ့လုပ်ကြံသူရဲ့ဓားကို လက်ဗလာဖြင့်ဖမ်းလိုက်သည်။
ရွှပ်...
လုပ်ကြံသူရဲ့ဗိုက်ထဲက ဓားကိုပြန်ဆွဲထုတ်လိုက်ရင်း အရှေ့ကလုပ်ကြံသူကိုထိုးလိုက်သည်။
သွေးစက်များက ရိန်းရဲ့မျက်နှာကိုစင်သွားပြီး သူ့မျက်နှာက ကန့်လန့်ဖြတ်အမာရွတ်ကြီးနဲ့မို့ ပိုလို့တောင် ကြောက်ဖို့ကောင်းလာစေတယ်။လုပ်ကြံသူများကိုတခါ လှီးဖြတ်လိုက်တိုင်း ငရဲပြည်ကတတ်လာတဲ့ နတ်ဆိုးတစ်ကောင်လို....
KAMU SEDANG MEMBACA
2 choice(You&Universe)
RomansaBL Not translate~~~~ Daily update~~ CV and Inline photo from pinterest