2

3.1K 340 15
                                    

Uni
=======
""ဘယ်လိုဖြစ်ပြီး...မဂ်လာဆောင်မယ့်ရက်က တိုးသွားရတာလဲအဖေ...""

ထိုင်ခုံပေါ်ထိုင်နေတဲ့ အနုရရဲ့အဖေဖြစ်သူကိုကြည့်ကာ မိုင်မေးလိုက်သည်။မူလဇာတ်ကြောင်းမှာရေးထားတာမှာ လက်ထပ်ဖို့ရက်တိုးတဲ့အကြောင်းမပါဘူးလားလို့လေ

""အဖေလဲမသိပါဘူးသားရယ် မနေ့တုန်းက မင်းသားကြီးကနန်းတော်ထဲဝင်ပြီး အရှင့်ကို လက်ထပ်ရက်တိုးပေးဖို့တောင်းဆိုခဲ့တယ်တဲ့...အဲ့တာအရှင်ကလဲခွင့်ပြုလိုက်တယ်""

အဖေချိုင်ချာနာက အနုရကိုစိတ်သက်သာအောင်ပြောလိုက်ပေမယ့် ဘာလို့လဲဆိုတဲ့အဖြေကို သူသိနေသည်။နန်းတွင်းမှာဆို ဘုရင်ပြီးရင်အာဏာကြီးတဲ့မင်းသားကြီးက ယောကျာ်းတစ်ယောက်နဲ့လက်ထပ်ချင်နေတယ်။ယောကျာ်းတစ်ယောက်နဲ့လက်ထပ်မှတော့ကလေးဆိုတာရလာစရာအကြောင်းမရှိ။နန်းသွေးမရှိတဲ့လူဟာပုလ္လင်ဆက်ခံဖို့ အခွင့်အလမ်းနည်းသည်။ဒီလောက်ကောင်းတဲ့အခွင့်အရေးကြီးကို ဘုရင်ကဘာလို့လက်လွှတ်ရမှာလဲ။ထို့အပြင်ညီလာခံမှာလဲ တခြားသော မင်းသားတွေကမကန့်ကွက်ကြဘူးလေ။

အဖေချိုင်ချာနာအနေနဲ့ပြောရရင်လဲ ဒါက
တော်ဝင်မိသားစုထဲဝင်ဖို့အတွက် မိုးပေါ်ကရွှေထုပ်ကြီးကျလာသလိုပဲလေ။မင်းသားကြီးက သူ့သားကိုလာကြိုက်တာတောင် ဂုဏ်ယူရဦးမည်။မျိုးဆက်အတွက်လား သူ့မှာသား
တစ်ယောက်ရှိသေးသည်။

မိုင် အဖေချိုင်ဆီကပြန်လာတော့ ပုန်းလျှိုး
ကွယ်လျှိုးပြေးသွားသော ညီဖြစ်သူကိုတွေ့လိုက်ရ၏။ကြည့်ရတာ ပရာဗက်ကိုသွားချောင်းပြီးပြန်လာတာဖြစ်လောက်သည်။နဲနဲလောက် လောင်စာလေး ဖြည့်ပေးရင် ကောင်းမလား....

သူတွေးလိုက်ပြီး ညီဖြစ်သူချရီယရဲ့အခန်းဘက်ထွက်ခဲ့၏။သူအခန်းထဲဝင်လိုက်တော့ ချရီယ၏အပြုအမူက မဟုတ်တာလုပ်ထားသဖြင့် အိုးမလုံအုံပွင့်နေ၏။မိုင် မသိချင်ယောင်ဆောင်လိုက်ရင်းချရီယ၏ဘေးမှာရှိတဲ့ နားဖို့ချထားတဲ့ ညောင်
စောင်းပေါ်မှာထိုင်လိုက်ရင်း...

""ညီလေး.....နောက်ရက်ထဲမှာပဲ...အကိုလက်ထပ်ရတော့မယ်....အကိုတော့အကိုချစ်တဲ့ ပရာဗက်နဲ့ဝေးပြီထင်ပါတယ်ကွာ""

2 choice(You&Universe)Where stories live. Discover now