7

2.8K 345 10
                                    

ကားထဲကထွက်လာကထဲက နှစ်ယောက်သားက Maskတပ်ထားသည်သာမက မျက်မှန်ကလဲအမည်းကြီးတွေနဲ့မို့ Supermarketထဲက လူတွေကသူတို့ကိုကွက်ကြည့်ကွက်ကြည့်။

သူတို့နှစ်ယောက်သား ဟင်းချက်ဖို့အတွက် ဝက်နံရိုးရွေးနေတဲ့အချိန် သူတို့ဘက်ရှိရာကိုရောက်လာတဲ့ ကောင်မလေးနှစ်ယောက်။

""ငါပြောမယ် သူတို့ကအတွဲတွေ""

သူတို့နဲ့ခြေလှမ်းအနည်းငယ်သာ ကွာဝေးသည်မို့
တည်ရောစေလိုရာကော ထိုကောင်မလေးရဲ့စကားကိုကြားလိုက်ရသည်။စေက ဒီစကားကိုကြားတော့
Maskအောက်ကနေပြုံးလိုက်သည်။ဒါပေမယ့် ဒုတိယကောင်မလေးကပြောလာသည့်အခါမှာတော့ သူ့မျက်နှာကမဲ့သွားလေသည်။သူမပြောလိုက်သည်က

""အရပ်ရှည်ရှည်နဲ့တစ်ယောက်က Seme""

စေ့ရဲ့ဖြစ်ပျက်သွားတဲ့ပုံကို သတိထားမိတဲ့မိုင်က
စနောက်ချင်လာသည်။သူက စေရဲ့ပုခုံးကိုဖက်လိုက်ပြီး

""ကလေး...ဘယ်ဟာစားချင်သေးလဲ...ကိုယ်ကလေးစားချင်တာ အကုန်ချက်ကျွေးမယ်....""

တည်ရဲ့အပြုအမူကြောင့် စေကရင်ခုန်သွားပေမယ့် ထိုအခွင့်အရေးကိုအရယူကာတည့်ရဲ့ရင်ခွင်ထဲတိုးဝင်လိုက်တယ်...။သူက"တည်"ရဲ့နှလုံးခုန်သံကိုနားထောင်ကာ တည်ရဲ့ ကိုယ်သင်းရနံ့ကို ခိုးရှုလိုက်ရင်း

""ကလေးက မောင့်ကိုပဲစားချင်တာ...""

သူနဲ့ပူးပေါင်းသရုပ်ဆောင်မည်ဟု မထင်ထားသော စေရဲ့အပြုအမူကြောင့် တည်ကရှက်ပြီး ချောင်းဆိုးလိုက်သည်။

""အား...ငါတို့ခွေးစာစားလိုက်ရတာလား....""

ကောင်မလေးနှစ်ယောက်က ကျယ်လောင်စွာအော်လိုက်ပြီး လမ်းတလျှောက်လိုက်ခဲ့တာ
Supermarketကထွက်တဲ့အထိဖြစ်သည်။

ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ပုံရိပ်ကိုတစုံတယောက်က ခိုးဝှက်ရိုက်သွားသည်ကို မိုင်တစ်ယောက်ကသာ သိလိုက်သည်။ကြည့်ရတာ မင်းဆက်သစ်ဘက်က လူလွှတ်လိုက်ပြီနဲ့တူတယ်။သူအတွေးနဲ့သူပြုံးလိုက်ပြီးနောက် စေနဲ့အတူကားပေါ်ကိုတတ်ကာအိမ်သို့ပြန်ခဲ့သည်။

2 choice(You&Universe)Where stories live. Discover now