Arc-12(ကိုင်ရို)

1.5K 176 7
                                    

သူ့ရဲ့လူရိုင်းလိုလို၊ရောမလိုလိုအဝတ်အစားတွေအရတော့ ဒီနေရာဟာရှေးကျတဲ့နေရာတစ်ခုဖြစ်လိမ့်မည်။ရောမလိုလိုလို့ပြောတာက သူ့ရဲ့ဟိုးနောက်ကတောနက်ကြီးထဲမှာထင်းထွက်နေတဲ့ မြို့ပျက်ကြီးကိုတွေ့လိုက်ရလို့ပါပဲ။အဲ့သည်မှာ ကြီးမားတဲ့ နတ်ဘုရားရုပ်ထုတစ်ခုရှိပြီး အပေါ်တဝက်ကပျက်စီးနေတာကြာပြီ။ဒီရုပ်ထုရဲ့အောက်ခြေအဝတ်အစားတွေအရ ဒါဟာနတ်ဘုရားတစ်ပါးရဲ့ရုပ်ထုဖြစ်မယ်လို့ကောက်ချက်ချလိုက်တယ်။ဘာလို့ဆို ဒီဘာဘလိုကလဲ အဲ့လိုဝတ်ရုံမျိုးကိုဝတ်ဆင်တာသူမြင်ဖူးတယ်။ဘာလို့ဒီရုပ်ထု သည်မှာရှိနေလဲဆိုတာသူမသိဘူး။ဒါကြောင့် သူထပ်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။

မူလခန္ဓာကိုယ်ရဲ့ရုပ်ရည်ကိုကြည့်ဖို့အတွက် ရေသံကြားရာဆီကို တဖြေးဖြေးလမ်းလျှောက်လာရင်း မှတ်ဉာဏ်များကိုလက်ခံလိုက်တယ်။

ကိုင်ရို အော်လန်ဒါ ဖက်ဒရီဆာက သူလက်ရှိဝင်နေတဲ့ခန္ဓာကိုယ်ရဲ့နာမည်ဖြစ်တယ်။ကိုင်ရိုကသူ့နာမည်ဖြစ်ပြီး နောက်ကတော့ မျိုးနွယ်နာမည်ပါ။ဒီနေရာမှာ မျိုးနွယ်စုတွေအများကြီးရှိပြီး ကျားသစ်မျိုးနွယ်ဘုရင်မအယ်လီနာ အော်လစီကအုပ်ချုပ်တယ်သူ့မှတ်ဉာဏ်ထဲက ကိုင်ရိုဟာမြင်းသိုးတစ်ကောင်ဖြစ်ပြီး နောက်ဆုံးကျန်ရှိတဲ့အနက်ရောင်မြင်းမျိုးဆက်ဖြစ်တယ်။နောက်ဆုံးမြင်းမျိုးဆက်လို့သာဆိုပေမယ့် ကိုင်ရိုတို့မျိုးနွယ်က အားကြီးတယ်ပြောလို့မရပါဘူး မြင်းတွေဟာ အစာကွင်းဆက်ရဲ့အလယ်ကလေ။အပြေးမြန်တယ်၊လိင်စိတ်များတယ်၊မျက်လုံးလျင်တယ်ဆိုတာတွေက မြင်းတွေရဲ့ကောင်းကျိုးတွေဖြစ်တယ်။

ပထမနဲ့တတိယကတော့ ဟုတ်ပေမယ့်ဒုတိယအချက်ကတော့ ဆိုးဂျွန်အတွက် တွေးစရာဖြစ်သွားတယ်။ဒီကမျိုးနွယ်စုတွေအကုန်လုံးကသားရဲတွေဖြစ်တယ်။လူပုံသဏ္ဠာန်ပြောင်းနိုင်တဲ့သားရဲတွေဖြစ်ပေမယ့် များသောအားဖြင့် သားရဲလိုသာနေထိုင်တာကြောင့် အရိုင်းဆန်တယ်။ခွန်အားကြီးတဲ့လူသာ အောင်နိုင်တယ်လို့ဆုံးဖြတ်တယ်။ဒီကသားရဲတွေကအသက်အရမ်းရှည်ကျတယ် တစ်စုံတစ်ခုသာမဖြစ်ပျက်သ၍ သူတို့ကအသက်တစ်သောင်းလောက်အထိရှည်တယ်။

2 choice(You&Universe)Donde viven las historias. Descúbrelo ahora