🔞7🔞

1.8K 175 4
                                    

သူတို့ပြန်ရောက်လာတာကို သိသိခြင်း​ အားကိုးရာတွေ့သည့်အလားပြေးလာတဲ့ ချန်းမင်ပုံစံကသနားစဖွယ်။သို့ပေသိ ကျိုးဝမ်တို့ဘေးမှာအစေခံတွေရော ရဲမက်တွေပါရှိသည်မို့ ကျိုးဝမ်ကိုဖက်ကာတိုင်တောငိုကြွေးလိုက်ချင်ပေမယ့် ရိပ်မိသွားမှာဆိုးသည်ကြောင့်ပျော်ရွှင်ဟန်ဆောင်ထားရသည်က ချန်းမင်အတွက်တော့မလွယ်ကူ။အလိုလိုက်ခံထားရသည့်ကလေးတစ်ယောက်အနေနဲ့ ချန်းမင်ရဲ့ဉာဏ်ရည်ကအကန့်အသတ်ရှိသည်။နောက်ဆုံးကြံရာမရသည့်အဆုံးမှာတော့ သူတွေးမိသည်က သူ၏ဖခင်ဟန်ကျိုးဝမ်ကိုပင်ဖြစ်ချေသည်။

""..အဖေသိထားပြီးသားမလား...ကျနော်ဘာလုပ်ရမလဲ ပြောပါဦးအဖေ...""

အဆောင်ထဲဝင်ပြီးနောက် ချန်းမင်ကတုံ့ဆိုင်းမနေပဲဒူးထောက်လိုက်ကာ ကျိုးဝမ်ရဲ့ခြေထောက်ကိုဖက်လိုက်သည်။ဒါကိုမြင်တော့သူတို့အနောက်က လိုက်လာတဲ့မင်ယွီလဲအံသြသွားသည်။

""အရင်ဆုံး ထိုင်ကြရအောင်...""

ကျိုးဝမ်​ သူ့ခြေထောက်များကိုဆုပ်ကိုင်ထားတဲ့ ချန်းမင်ရဲ့လက်များကိုသူ့လက်များနဲ့ဆွဲယူကာ ထူပေးလိုက်ပြီးတဲ့နောက် အသင့်ပြင်ပေးထားတဲ့ထိုင်ခုံမှာဝင်ထိုင်ပြီးပြောလိုက်သည်။ဒါကိုမြင်တာ့ ချန်းမင်ရဲ့မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်များသန်းလာသည်။သူသိသားပဲ သူ့ဖခင်ဆီမှာသူ့အတွက်အကြံဉာဏ်ရှိပြီးသားဆိုတာ

""ချန်းမင်...ငါဘာကြောင့်မင်းနဲ့ဝေ့လန်ကိုလက်ထပ်ပေးလိုက်လဲသိလား...""

ချန်းမင်ခေါင်းခါလိုက်သည်။

""ငါသာ အဲ့အချိန်တုန်းကကန့်ကွက်ခဲ့ရင် သူနဲ့ယူရဖို့မင်းငါ့ကိုသတ်ရင်တောင်သတ်ဦးမှာ....""

ဖခင်ဆီက သူ့ကိုမယုံမကြည်စကားကြောင့် ချန်းမင်ဒေါသထွက်သွားသည်။ဒါပေမယ့် ကျိုးဝမ်ပြောလာတဲ့စကားကြောင့် သူအနဲငယ်အင်တင်တင်ဖြစ်သွားသည်။

""မဘက်လိုက်ရင် မိုက်ဘက်ပါတယ်ဆိုတဲ့စကားလဲရှိတာပဲချန်းမင်...မင်းငါ့ကိုအခုမသတ်ပေမယ့် ဝေ့လန်သာတိုက်တွန်းဖန်များရင် မင်းငါ့ကိုအဆိပ်ခပ်ချင်လဲခပ်လိမ့်မယ်...ပုန်ကန်ချင်လဲပုန်ကန်လိမ့်မယ်
နောက်ဆုံးကြရင်ငါနဲ့အနီးကပ်ဆုံးဖြစ်တဲ့မင်ယွီကိုတရားခံဖြစ်အောင်ချောက်တွန်းလိမ့်မယ်...ဒါမှမဟုတ်ရင် ငါနဲ့မင်ယွီကိုပါတခါတည်းသေအောင်လုပ်ချင်လုပ်မှာပေါ့....""

2 choice(You&Universe)Tahanan ng mga kuwento. Tumuklas ngayon