The Great King
《Zawgyi》
Luna တစ်ယောက် ငှက်ဆိုးထိုးသံကဲ့သို့ ခပ်စူးစူးအသံကြောင့် လန့်နိုးလာလေသည်။
"အရှင်မင်းကြီး စက်ရာမှ ထဖို့ အချိန်တန်ပါပြီ"
'အရှင်...အရှင်မင်းကြီး!!!???'
Luna ချက်ချင်းဘဲ ခွကြားကို စမ်းကြည့်လိုက်မိသည်။
'Fuck!'
တစ်စက်ကလေးရယ်တဲ့မှ အားကိုး၍မရသော systemသည် lunaမလေးအား အထီးလေးဘဝသို့ ထပ်မံပြောင်းပေးလိုက်ပြန်သည်။ lunaတစ်ယောက် systemကို ကျိန်ဆဲနေစဉ်အတွင်း ငှက်ဆိုးထိုးသံကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။
"အရှင်မင်းကြီး စက်ရာထပါတော့"
"အေးပါ..အေးပါ...ငါ..အဟမ်း...ကိုယ်တော် အခုထပြီ ရပြီလား"
"မှန်လှပါ အရှင်မင်းကြီး ကျွန်တော်မျိုးတို့ အရှင့်ကို ညီလာခံတက်ဖို့ရာ အခုဘဲပြင်ဆင်ပေးပါမယ်"
"ကိုယ်တော် အခု...အဟမ်း နေလို့သိပ်မကောင်းလို့ ခဏလောက် နားချင်တယ်...လာမနှောင့်ယှက်ကြနဲ့"
"အရှင် ဘယ်နေရာ နေမကောင်းတာလဲ? ကျွန်တော်မျိုးတို့ တော်ဝင်သမားတော်ကြီးကို ဆင့်ခေါ်လိုက်ရမလား ဘုရား? ပရှင် နေမကောင်းရင်တောင်မှ တစ်ခုခုတော့ အရင်သုံးဆောင်သင့်ပါတယ်...ကျွန်တော်မျိုးတို့ အရှင့်အတွက် ဘာများ ဆောင်ရွက်ပေးရပါမလဲ?"
ကရားရေလွှတ် စကားများကြောင့် luna မူးဝေသွားမိသည်။
"ကိုယ်တော် ညက အိပ်ရေးမဝလို့ ခေါင်းနဲနဲမူးရုံပါ..ခဏလောက်နားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်"
"အရှင်မင်းကြီး ဒါဆို ဒီနေ့တစ်ရက် ညီလာခံဖျက်သိမ်းပြီး နားလိုက်ပါလား ဘုရား"
'အင်? အဲ့လို လုပ်လို့ရတာလား?'
"ကောင်းပြီ..မင်းသွားဆောင်ရွက်လိုက်ပါ"
&&&&&&&&&
အားလုံးကို နှင်လွှတ်လိုက်ပြီးမှ luna ဇာတ်ကြောင်းကို လက်ခံလိုက်သည်။ ဒီခန္ဓာကိုယ်နာမည်က နန်ကုန်းကူယွဲ့ဖြစ်ပြီး ယောင်ကွမ်းနိုင်ငံရဲ့ ရှင်ဘုရင်တစ်ပါးဖြစ်သည်။ ဤဇာတ်ကြောင်းက တကယ့်သမိုင်းကြောင်းထဲက အတိုင်းဖြစ်သည်။ အလယ်ပိုင်းဒေသကြီးကို လွန်ခဲ့သော နှစ်၃၀၀ခန့်က ဧကရာဇ်တစ်ပါးတည်းကသာ အုပ်ချုပ်နေခဲ့တာဖြစ်ပြီး ထိုဧကရာဇ်လုပ်ကြံခံရပြီးနောက်တွင် နယ်မြေအသီးသီးက ပုန်ကန်ကာ သီးခြားနိုင်ငံများထူထောင်၍ အလယ်ပိုင်းဒေသကြီးတွင် နိုင်ငံကြီး၆နိုင်ငံပေါ်ပေါက်လာခဲ့သည်။ ဤသို့ဖြင့် အုပ်စိုးလာခဲ့ရာ လက်ရှိဘုရင်နန်ကုန်းကူယွဲ့လက်ထက်တွင်တော့ ကြီးမားသော အပြောင်းအလဲများစွာ ပေါ်ပေါက်လာခဲ့သည်။ နှစ်၃၀၀အတွင်း နိုင်ငံကြီး၆နိုင်ငံကြားတွင် အမြဲငြိမ်းချမ်းနေသည်တော့ မဟုတ်ပေ။ တစ်နိုင်ငံနှင့် တစ်နိုင်ငံကြားတွင် စစ်ရေး၊ စီးပွားရေး အားပြိုင်မှုများ၊ နယ်မြေလုစစ်ပွဲများကတော့ အမြဲရှိမြဲဖြစ်သည်။ ယောင်ကွမ်းပြည်တွင် နန်ကုန်းကူယွဲ့နန်းတက်ပြီးနောက် ၅နှစ်အတွင်း ကိုယ်တိုင်စစ်ချီ၍ ကျူးကျော်လာနိုင်ငံများကို နှိမ်နင်းရုံသာမက အခြားနိုင်ငံများကိုပါ နယ်ချဲ့သိမ်းပိုက်ပြီး ယောင်ကွမ်းအင်ပါယာကြီးကို တည်ထောင်ခဲ့သည်။ သို့သော်လည်း အလယ်ပိုင်းဒေသကြီး တစ်ခုလုံးကိုတော့ မသိမ်းနိုင်သေးပေ။ အလယ်ပိုင်းဒေသ၏တောင်ဘက်ပိုင်းရှိ နန်စုပြည်ကြီးသည် တောင်တန်းများ၊ ရေစီးသန်သော မြစ်များဖြင့် ပထဝီအနေထားအရ ဝန်းရံထားသဖြင့် သဘာဝအလျောက် တံတိုင်းများ၊ ကျုံးများသဖွယ် ကာကွယ်ထားသဖြင့် ထိုးဖောက်၍ မရဘဲရှိနေလေသည်။ သို့သော်လည်း ဘုရင်ငယ်ငယ်လေးမှာ စိတ်မလျော့ဘဲ သူ၏ကျွမ်းကျင်ပြောင်မြောက်လှသော စစ်ရေးဗျူဟာများ၊ ဇွဲရှိရှိဖြင့်ရွှေ့ကွက်များကြောင့် နောက်ထပ်၇နှစ်ခန့်ကြာသောအခါ နန်စုပြည်ကိုလည်း သိမ်းနိုင်ခဲ့လေသည်။ နန်ကုန်းကူယွဲ့သည် အသက်၂၀တွင် ထီးနန်းဆက်ခံခဲ့ပြီး နန်းစံသက်၁၂နှစ်တွင် အလယ်ပိုင်းဒေသကြီးကို ပြန်လည်စုစည်းနိုင်ခဲ့ပြီး အနှိုင်းမဲ့ယောင်ကွမ်းအင်ပါယာကြီးကို ထူထောင်ခဲ့သည်။ ထက်မြတ်သော ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် ယောင်ကွမ်းအင်ပါယာကြီး အလွန်အမင်းတိုးတက်လျက် ဆန်ရေစပါးလည်း ကြွယ်ဝကာ၊ တွင်းထွက်ရတနာတို့ဖြင့်လည်း ပြည့်စုံလျက် အေးချမ်းသာယာစည်ပင်ခဲ့သည်။ တိုင်းသူပြည်သားတိုင်းကလည်း နန်ကုန်းကူယွဲ့ကို ချစ်မြတ်နိုးကြပြီး သမိုင်းတွင်လည်း ယောင်ကွမ်းအင်ပါယာကို စတင်တည်ထောင်သူ ကြီးမြတ်သော ဧကရာဇ်ဘုရင်မင်းမြတ်အဖြစ် မှတ်ကျောက်ထိုးခံခဲ့ရသည်။
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...