《Zawgyi》
Luna တစ်ယောက် အခုမှ ထိုသူကိုသေချာကြည့်မိသည်။ အစက အစေခံကို ဒေါသထွက်နေရတာမို့ ထိုသူ့မျက်နှာကို သေချာမကြည့်မိ ချောတယ်လို့သာ မှတ်လိုက်သည် ဒင်းက မင်းကြီးဆိုသူကြီး ဖြစ်နေတာကိုး...
'အာ့လိုမှန်းသိ ငါလေး ဒင်းကို ပြသနာမရှာပါဘူး'
နောက်တော့ ရှန်သခင်ကြီး(ရှန်ယွဲ့အဖေ)က ကြောင်ကြည့်နေသော သူမကို အတင်းဆွဲ၍ ဂါဝရပြုစေလေသည်။ထို့နောက်မှာတော့ ထိုသူက စကားဆိုလာလေသည်။
"ရှန်သခင်မလေး အခုရော ကိုယ်တော့်အဆင့်အတန်းက မင်းရဲ့ စိတ်ဝင်စားမှုနဲ့ ထိုက်တန်ပြီလား"
'ချီး!!!...သူက ငါစိတ်ဆိုးဆိုးနဲ့ ပြောတာကို မှတ်ထားတယ်ဟ'
"ကျနော်မျိုးမ အရှင်ကို မသိဘဲ စော်ကားမိပါတယ် အရှင် ခွင့်လွှတ်တော်မူပါ"
"ကောင်းပြီလေ...ခွင့်လွှတ်မလွှတ်ကတော့ ဒီနေ့မင်း ကိုယ်တော့်ကို ကောင်း"ဧည့်ခံ မခံပေါ် မူတည်တယ်"
"ကျေးဇူးကြီးမြတ်လှပါတယ် မင်းကြီး"
'ဟွန့်...ရတယ်လေ ကောင်း"ကြီးကို ငါလေးပြုစုပြမယ် Luna ကို အာ့လို စမ်းလို့ရမယ်ထင်လား'
Luna တစ်ယောက် အကြံထုတ်နေစဉ် မုန့်ချိုသယ်လာသော စားဖိုဆောင်မှ အစေခံမလေးကို တွေ့လိုက်သည်။'အခုက ရှန်ယွဲ့ရဲ့ စပ်စလူး ဂုဏ်ပုဒ်ကို အသုံးချရမယ့် အချိန်ဘဲ'
"ငါ့ပေး ငါ အရှင့်ကို ဧည့်ခံလိုက်မယ်"
Luna အစေခံမလေးဆီမှ ပန်းကန်ကို လှမ်းယူပြီး ဘုရင်ဆီ သယ်သွားလိုက်သည်။ ပြီးနောက် ဘုရင့်နားက စားပွဲပေါ်ချနေတုန်းမှာ ဘုရင်ခြေထောက်ကို အသေဖိနင်းပစ်လိုက်သည်။
"အဟမ်း"
"အာ..အရှင်ချောင်းဆိုးနေတာလား ရှန်ယွဲ့ ရေနွေးငှဲ့ပေးပါ့မယ်"
ခြေထောက်တစ်ဖက်ကို ဆက်နင်းထားရင်း ရေနွေးတွေကို တမင် ဘုရင်ပေါ်လောင်းချပစ်လိုက်သည်။
ဘုရင်:"..."
ရှန်အမတ်ချုပ်ကြီး :"!!!"
တစ်ခန်းလုံး :"???"
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...