《Zawgyi》
Lunaတစ်ယောက် အစက ညီလာခံတတ်ရတယ်ဆိုတာ အရမ်းခက်ခဲမယ်လို့ထင်ထားမိပေမဲ့ နန်ကုန်းကူယွဲ့၏မှတ်ဥာဏ်တွေကို ရထားတာမို့ အတော်လေးအဆင်ပြေနေလေသည်။ ထို့အပြင် နဂိုက နန်ကုန်းကူယွဲ့ကလည်း ညီလာခံကို သေချာစီမံထားက အမတ်များအားလုံးက သူ့အပေါ်အကြွင်းမဲ့သစ္စာရှိကြတာကြောင့် lunaအနေနဲ့ အလိုက်အထိုက်လေးနေသွားရုံသာဖြစ်သည်။ ဆေးသာမစွဲသွားခဲ့ဘူးဆိုရင် နန်ကုန်းကူယွဲ့က တကယ့်ကို မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်သည်။ ယခုညီလာခံတွင်တော့ lunaတစ်ယောက် မိမိကြည့်ခဲ့ဖူးသောဇာတ်လမ်းများကို အခြေခံကာ ဆုံးဖြတ်ချက်တစ်ခုချပြီး အမိန့်တစ်ခုထုတ်ပြန်ခဲ့သည်။
၎င်းက စစ်တပ်အတွက်ရိက္ခာများစုဆောင်းရေးဖြစ်သည်။ ယခင်က ရိက္ခာအတွက် လယ်သမားများထံမှ စိုက်ပျိုးသမျှ၏ ၃၀%နှုန်းကို အခွန်အဖြစ်သိမ်းပြီးမှ ရသော်လည်း ယခုအခါ အခွန်ကို ၂၀%အထိလျော့ချလိုက်ကာ တော်ဝင်ဘဏ္ဏာတိုက်မှ ငွေများထုတ်၍ ငွေလိုနေသော လယ်သမားများထံမှ လယ်ကွက်များကို ပေါက်ရာပေါက်ဈေးအတိုင်းဝယ်ပြီး ထိုလယ်သမားကိုဘဲ ပြန်၍ လယ်သူရင်းငှားကာ ပြန်စိုက်စေသည်။ ထိုမှထွက်သော ရိက္ခာများကိုမူ စစ်တပ်ရိက္ခာအဖြစ်သုံးလေသည်။ ဤသို့ပြုလုပ်ချင်းက စစ်တပ်ရိက္ခာကို နဂိုကထက်တိုးပွားစေသလို ပြည်သူလူထု၏ယုံကြည်ကိုးစားမှုကိုလည်းရစေသဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်ဖြစ်သည်။ သို့သော်လည်း ဤနည်းလမ်းက တော်ဝင်ဘဏ္ဏာတိုက်ထဲက ငွေပမာဏအတော်များများကို လျော့နည်းသွားစေမှာဖြစ်သော်လည်း ယခုကဲ့သို့ စစ်ပွဲအတွင်းကာလတွင်တော့ ငွေကြေးက သိပ်အရေးမကြီးလှပါပေ။ ထို့အပြင် ယောင်ကွမ်းပြည်တွင်က အလယ်ပိုင်းဒေသကြီးတစ်ခုလုံးတွင် အကြီးဆုံးသော ငွေတွင်းကြီးရှိနေသဖြင့် နန်စုကို သိမ်းပြီးမှ ထိုဘက်ကို ပြန်အားစိုက် တူးဖော်လိုက်လျှင် တစ်နှစ်၊ နှစ်နှစ်အတွင်း နဂိုကထက်ပင် ပို၍ကြွယ်ဝချမ်းသာသွားဦးမယ်ဖြစ်သည်။
ငွေတွင်းတူးရာတွင် ပိုပြီးလျှင်မြန်စေရန် ယမ်းမှုန့်ကိုလည်း သုံး၍ရသေးသည်လေ။ Luna၏ အကြံကို တစ်ညလုံးစဉ်းစားပြီးမှ ရလာခြင်းဖြစ်သည်။ ဤမျှကောင်းသော အကြံကို ထုတ်နိုင်သဖြင့် lunaမိမိကိုယ်မိမိ လက်မအကြီးကြီးပင် ပေးချင်မိသွားလေသည်။
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...