Life-2.7 : Young Daoist

2.9K 406 14
                                    

《Zawgyi》

၃ရက်ခန့် ကြာပြီးသည်တွင်တော့ ဆရာတပည့်များ လက်နက်ရှာထွက်ကြလေတော့သည်။ခရီးထွက်ရာတွင် ဆရာကျိုးယွမ်တွင် မှော်ဝင်လက်နက်၂ခုပိုင်ဆိုင်ထားသော်လည်း...တပည့်များကို ငဲ့ညှာသော အားဖြင့် မြင်းလှည်းနှင့်သာ ခရီးထွက်လေသည်။

ခရီးထွက်ရာတွင် အကိုကြီးက မြင်းစီးမကျွမ်းသောကြောင့် အကို၃နှင့်စီးနေကြဖြစ်ပြီး အရင်က ဆရာတူအမနှင့် မင်အိုက်ကတူတူစီးနေကြဖြစ်သည်။အခုတော့ ဆရာတူအမက သွားလေရာကို မြေခွေးမလေးပါ ခေါ်လာသောကြောင့် သူမက ဘုံပျောက်လေတော့သည်။

သို့သော်လည်း သူမကိုယ်တိုင်က အတွဲများအကြားဝင် မရှုပ်ချင်တာမို့ ဆရာ့ကို မေးလိုက်သည်။

"ဆရာ မင်အိုက် ဆရာနဲ့ တူတူ လှည်းစီးလို့ရမလား"

"ဝင်ခဲ့"

ထို့နောက် ခရီးထွက်ခွာလာကြတော့သည်။လမ်းခရီးတွင် luna ၁ယောက် တရားမှတ်နေသော ဆရာ့ကို တစိမ့်စိမ့် ကြည့်နေလေသည်။

"ရှောင်ချန်..ငါ့ကို ပြောစရာရှိလို့လား"

"ဟင့်အင်း"

"..."

"ဆရာ...ဘာလို့ အဲ့လောက် ခန့်ညားနေရတာလဲဟင်"

"..."

"ဆရာ...မင်အိုက်နဲ့တွဲပါလား"

Luna ရှိသမျှ သတ္တိအကုန်သုံးပြီး အရဲစွန့်ပြောလိုက်သည်။

"ဘာကြီးလဲ...တွဲတယ်ဆိုတာ"

"ကျွန်မ ချစ်သူ လုပ်ပါလားလို့ပြောတာ"

"..."

...

...

လှည်းထဲ၌ တခဏတာ တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။

"မင်းက ငါနဲ့ နှစ်ကိုယ်တူ စုံတွဲကျင့်စဉ် ကျင်ကြံချင်တာလား"

"အွန်း"

"ကောင်မလေး...ငါက မင်းအဖိုးထက်တောင် အသက်ကြီးသေးတယ်...မင်းရဲ့ ဘိုးဘေးအရွယ်လူအိုကြီးပါ"

"ဆရာကလည်း...ဆရာက အရမ်းကို နုပျိုပါသေးတယ်...ပြီးတော့ မင်အိုက်တို့က ကျင့်ကြံသူတွေလေ...ကျင့်ကြံသူတွေမှာက အသက်ဆိုတာ ဒီအတိုင်း ကိန်းဂဏန်းတွေဘဲကို"

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now