Life-4.11 : Meow

1.9K 275 28
                                    

《Zawgyi》

ပိုင်ချင်း နိုးလာသည်အခါ သူရင်းနှီးနေသောအခန်းလေးထဲ ပြန်ရောက်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူအကောင်းဆုံးအသိစိတ်ထိန်းထားပေမယ့် ရင်းနှီးနေသော ထိုသူ၏ပုံရိပ်ကို မြင်လိုက်သည်နှင့် အသိစိတ်က ပျောက်သွားတော့သည်။

'ရှက်စရာကောင်းလိုက်တာ...အဲ့လူကြီးရှေ့မှာမှ အသိစိတ်ပျောက်သွားရတယ်လို့'

"ရှောင်ပိုင် နိုးပြီလား"

"ရှစ်စွမ်း"

"လာဆန်ပြုတ်လေးသောက်"

"ရှစ်စွမ်း..ကျွန်တော် ဆန်ပြုတ်မသောက်ချင်ဘူး...အသားဘဲစားချင်တာ"

"ရှောင်ပိုင် မင်းကအကြာကြီးအိပ်ထားတာ အသားစားရင် အစာကြေမှာ မဟုတ်ဘူး..ဒါလေးအရင်သောက် ညနေကြရင် အသားချက်ကြွေးမယ်"

"ဟုတ်"

"ရှစ်စွမ်း..ဒါနဲ့ တာ့ရှစ်ရှုန်းရော"

"ဒီနေ့ကစပြီး မင်းမှာ တာ့ရှစ်ရှုန်းဆိုတာမရှိတော့ဘူး နောက်ဆို သူ့အကြောင်းမပြောနဲ့တော့..ကဲ ဆန်ပြုတ်တွေ မအေးခင်သောက်လိုက်"

စားသောက်ပြီးသောအခါ ပိုင်ချင်း အညောင်းပြေ လမ်းလျှောက် ထွက်လာလိုက်သည်။ ရေကန်တစ်ခုနားတွင် ရှုခင်းကြည့်နေတုန်း နောက်မှသိုင်းဖက်လာသော လက်နွေးနွေးတစ်စုံကို ခံစားလိုက်ရသည်။ ရင်းနှီးနေသော ကိုယ်သင်းနံ့လေးရပေမဲ့ တမင်ခြေထောက်ကို ဆောင့်နင်းကာ နောက်ပြန်လက်သီးတစ်လုံးထိုးကျွေးလိုက်သည်။ သို့သော် ထိုသူက လက်သီးကို အလွယ်တကူ ရှောင်ကာ သူ့လက်ကို အသာအယာဆွဲယူလျက် ပိုင်ချင်းကို ထို့သူရင်ခွင်ထဲရောက်သွားစေလိုက်သည်။

"နှာဘူးကြီး!"

"ဒါက ကိုယ့်ဂိုဏ်းချုပ်ကို နှုတ်ဆက်တဲ့ ပုံစံလား"

"ဟွန့်..တွေ့သမျှ ဂိုဏ်းသားတွေအကုန် ရင်ခွင်ထဲပြေးပွေ့နေတာဘဲလား"

"ဘာလဲ..ကလေးက အူတိုနေတာလား"

"သဝန်တိုစရာလား..ဆုတောင်းလေ..နှာဘူးကြီး"

သဝန်တိုစရာလား သာပြောနေတာ နှုတ်ခမ်းလေးတစ်တောင်လောက်ဆူနေသော အကောင်ပေါက်လေးကို စုန့်ဝူရှင်း အသည်းယားစွာ ပြုံးကြည့်နေမိသည်။ ဘာကြောင့်မှန်းမသိ တစ်သက်နှင့်တစ်ကိုယ် ရင်မခုန်ဖူးသော စုန့်ဝူရှင်းသည် ဤအကောင်ပေါက်လေးကို အသွင်မပြောင်းခင် ပထမဆုံးတွေ့ကတည်းက စိတ်ဝင်စားမိသဖြင့် စောင့်ကြည့်နေခဲ့တာဖြစ်သည်။ ထိုကလေး၏ အသွင်ပြောင်းပြီးနောက် သဘာဝအတိုင်းပုံစံကို မြင်သောအခါ နှလုံးများက ပေါက်ထွက်မတတ်ခုန်ပေါက်လာချိန်မှစ၍ ထိုကလေးကို ချစ်မိနေပြီဖြစ်ကြောင်း သတိထားမိခဲ့သည်။ ထိုအချိန်မှစ၍ ထိုကလေးသွားလာ လှုပ်ရှားသမျှကို လူကိုယ်တိုင်လိုက်ချောင်းသည်က တစ်ဖုံ မှော်ကြေးမှုံက ကြည့်သည်က တစ်သွယ် တစ်ချိန်လုံးနီးပါး လိုက်ကြည့်နေတတ်သည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now