Life-4.2 : Meow

2.3K 303 8
                                    

《Zawgyi》

နဂိုစာအုပ်မှာက ပိုင်ချင်းကို အပြင်ခွံလှပြီး အတွင်းပုပ်နေသော အသီးအဖြစ် ဖော်ပြထားသည်။ အမှန်ကတော့ သူချစ်ရသော သူတစ်ယောက်ကို ပိုင်ဆိုင်ချင်ရုံသာဖြစ်သည်။ သူ့အတွက် ကျူလင်က အဖေဆိုလည်းဟုတ်သည်...သခင်ဆိုလည်း ဟုတ်သည်...ဆရာဆိုလည်း ဟုတ်သည်...သူ့ဘဝတွင် ထိုသူက တစ်ဦးတည်းသော မိသားစုဝင် ဖြစ်သည်။ သူက နဂိုတည်းက အန်းဟယ်ရဲ့ ကျူလင်အပေါ် ပုံမှန်ထက်ပိုတဲ့ စွဲလမ်းခြင်းကို သတိထားမိသည်။ အန်းဟယ်ကလည်း အစတည်းက ကျူလင် အခြား ဆရာတူညီငယ်များနှင့် နီးကပ်နေသည်ကိုတောင်မှ မကျေနပ်သူဖြစ်ရာ အခုလို ပိုင်ချင်းကို ဂရုစိုက်ယုယနေသည် အတော်လေး အမြင်မကြည်ပေ။


ထို့ကြောင့် ပြောရမည်ဆိုလျှင် ဇာတမလိုက်ဘဝတွင် ကြုံတွေ့သမျှ အခက်ခဲတွေရဲ့ လက်သည်က ပိုင်ချင်း ဖြစ်သည်။ နဂိုက ဂိုဏ်းတူညီအကိုများက အန်းဟယ်ကို မကျေနပ်ပေမဲ့ ဘာမှ မလုပ်ရဲ...ပိုင်ချင်းရဲ့ သွေးထိုးလှုံဆော်မှုကြောင့်သာ တဖြည်းဖြည်း ရှန်းဟော်ဂိုဏ်းတွင် ဇာတ်လိုက်၏ နေ့ရက်များက ခက်ခဲလာခြင်း ဖြစ်သည်။ နောက်ပိုင်း ပိုင်ချင်းက သားရဲများကို အမိန့်ပေးလာနိုင်သည့် အချိန်တွင် သားရဲများကို အန်းဟယ်အား တွေ့ရာအရပ်တွင် တိုက်ခိုက်ရန် မှာထားသေးသည်။ သို့သော်လည်း သူလုပ်သမျှက သူနာမည်ကြီးရန်လည်းမဟုတ်.. မနာလို၍လည်း မဟုတ်..သူချစ်ရသူကို ကာကွယ်ရန် အန်းဟယ်ကို ထိုသူအနားမှ မောင်းထုတ်လိုခြင်းသာဖြစ်သည်။ အကယ်၍ အန်းဟယ်က ကျူလင်ကို ပြင်းထန်တဲ့စွဲလမ်းခြင်းမျိုးဆိုလျှင် ပိုင်ချင်းက ကလေးတစ်ယောက်က သူ့အမေကို နောက်အိမ်ထောင်မပြုရန် တားမြစ်နေတာနှင့်ပိုတူသည်။ ပိုင်ချင်းရဲ့ အချစ်က အတော်လေးဖြူစင်လေသည်။ သူဘဝတစ်ယောက် ကျူလင်ကို လက်လေးကိုင်ရုံထက်တောင် အဆင့်မတက်ဘူးချေ။

သူအချိန်အတော်ကြာ အတွေးနယ်ချဲ့ပြီးနောက် သူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်း ချီစုဆောင်းမှုစတင်ပြုလုပ်တော့သည်။ အရင်ဘဝကတော့ သူ့ကို ကျူလင်က ပိုးမွေးသလိုမွေးထားခဲ့သည်။ သူ အသက်တစ်နှစ်အထိ ကလေးလိုဘဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေစေသည်။ သူ့အတွက် ဆိတ်နို့ကို ကိုယ်တိုင်ကျိုချက်ကာ တိုက်လေသည်။ အစားစားတတ်လာချိန်တွင်လည်း မှော်ဝင် ဆိတ်သားရဲကို သူကိုယ်တိုင် စိတ်ရှည်လက်ရှည်ချက်ကာ ကျွေးလေသည်။ သူအသက်၁နှစ်ပြည့်မှ သူ့ကို ကျင့်ကြံနည်းကို သေချာ သင်ပေးကာ ကျင့်ကြံစေသည်။ သူအသက် ၄နှစ်ပြည့်ချိန်တွင် ရှားပါးနတ်ဆေးလုံးကို ဖော်စပ်ကာ နတ်ဝိဥာည်အဆင့်မရောက်မှီ သူ့ကို လူအသွင် ယူနိုင်အောင် လုပ်ပေးလေသည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now