《Zawgyi》
Luna လည်း စိတ်ဝိဥာည်စာချုပ် ချုပ်ဆိုပြီးတာနဲ့ ခန္ဓာကိုယ်ဆီ ပြန်လာလိုက်သည်။သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့..တောင်ထဲကနေ သူမဆီကို ဓားပျံငယ်လေး ပျံသန်းလာလေသည်။သူမ လက်ဝါးဖြန့်လိုက်တော့ သူမ လက်ဝါးပေါ်သက်ဆင်းလေသည်။
Luna အစက ဓားသေးသေးလေးဘဲရသဖြင့် စိတ်ကုန်နေပေမဲ့...နောက်မှ ဒီဓားက လွန်ခဲ့တဲ့ နှစ်၁သောင်းက နတ်ဘုရားမ တစ်ပါးက သူ့ချစ်သူအတွက်သွန်းလုပ်ခဲ့တဲ့ အသွင်ပြောင်းဓားပျံ ဖြစ်ကြောင်း သခင်ဆန္ဒရှိရာ လက်နက်အသွင်ပြောင်းနိုင်ကြောင်းနဲ့ ထိုလက်နက်ပိုင်ရှင်ကလည်း ဒဏ္ဍာရီလာ သူရဲကောင်းကြီးဖြစ်ခဲ့ကြောင်း ထိုသူ သေဆုံးသောအခါ လက်နက်က ဒီတောင်ကို ပြန်လာကြောင်း သိလိုက်ရတဲ့ အခါမှာတော့ သူမ ကျေနပ်သွားတော့သည်။
ဆရာတူအကိုကြီးက ထိုက်တန်သော လက်နက် အနေနဲ့ ပုလွေ၁ချောင်းတွေ့ခဲ့ပေမဲ့ အစောင့်ဝိဥာည်ကို အနိုင်မတိုက်နိုင်တာမို့ စွန့်လွှတ်ခဲ့ရသည်။အကို၃က မှော်ဓားရှည်၁ချောင်းရခဲ့ပြီး...အမ၂ကတော့ မှော်ဝင်ကြာပွတ်၁ချောင်း ရလာလေသည်။
ထို့နောက် သူမရဲ့ အသွင်ပြောင်းဓားပျံက နာမည်တောင်းခံလာလေရာ...အရင်ဘဝက သူမရဲ့ နန်းတော်နာမည် မင်ယွဲ့(bright moon)လို့ဘဲပေးလိုက်သည်။ထိုနာမည်ကြားသောအခါ ကျိုးယွမ်ရဲ့ မျက်ခုံးများက တစ်ခုခု စဉ်းစားနေသည့်အသွင် တွန့်ချိုးသွားလေသည်။သို့သော် ဘာမှတော့ မပြောဖြစ်။
အကို၃ကတော့ အကိုကြီးကို နှစ်သိမ့်ပေးနေလေသည်။အကို၃ရဲ့ဓားက နှစ်ဖက်ဓားသွားရှည်ဖြစ်ပြီး ဓားက သွေးရောင်တောက်နေလေသည်။အမ၂ရဲ့ ကြာပွတ်ကတော့ ခရမ်းရောင်တောက်နေပြီး နဂို၁ချောင်းထဲမှနေ တိုက်ခိုက်ချိန်တွင် ၄ချောင်းအထိပွားနိုင်လေသည်။
အားလုံး လက်နက် အသီးသီး ရပြီးနောက်တွင် သူမတို့ ဂိုဏ်းသို့ ပြန်လာလေသည်။
££££££££££
ဂိုဏ်းသို့ ပြန်ရောက်လျှင် သူမချက်ချင်းဘဲ ဂူအောင်းကာ လက်နက်ကို လိုရာပုံတွေ သွင်းထားဖို့ ပြင်ဆင်တော့သည်။
![](https://img.wattpad.com/cover/218574855-288-k888153.jpg)
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...