Life-2.13 : Young Daoist

2.9K 363 12
                                    

《Zawgyi》

Luna သတိရလာသည့် အချိန်တွင် သူမ ဂူတစ်ခုထဲရောက်နေတာကိုတွေ့ရသည်။ထိုစဉ် ကျင်းယွီရောက်လာလေသည်။

"ဆရာတူညီမငယ်လေး နိုးပြီလား အကို အကိုကြီး လက်ရာအတိုင်း စွတ်ပြုတ်လုပ်လာတယ် သောက်လိုက်ပါဦး"

'အဆိပ်ခတ်ထားတာများလား...အာဘာအရေးလဲ ငါတကယ်သေမှာမှ မဟုတ်တာ ပြီးတော့ ဖန်တူးခါးနေတဲ့ အဆိပ်ထက်စာရင် အရသာရှိတဲ့ စွတ်ပြုတ်သောက်ပြီး သေရတာတန်ပါတယ်'

သူမသောက်ချင်ပေမယ့် သူမ လက်တွေရော ခြေထောက်တွေကို နတ်ဝိဥာည်လှောင်ကြိုးနဲ့ တုပ်ထားတာ သတိထားမိသွားတာမို့ ကျင်းယွီကို မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်သည်။

"ဩော် ဟုတ်သား...အကိုမေ့သွားတယ်"

သူမကို ညင်သာစွာ ခွံ့ကျွေးနေလေသည်။ သူမ စားနေတုန်း အပြင်ဘက်မှ မိုးခြိမ်းသံကြားရလေသည်။

"ဟက်...ကျိုးယွမ် ခင်ဗျားရောက်လာပြီဘဲ"

ကျင်းယွီ အပြင်သို့ ထွက်သွားလေသည်။သူထွက်သွားပြီး မကြာခင် ကျိုးယွမ်ဝင်လာလေသည်။

"ရှောင်အိုက်...ကိုယ် ကြိုးဖြေပေးမယ်"

သူမကို ကြိုးဖြေပေးနေတုန်းမှာဘဲ ကျင်းယွီရောက်လာလေသည်။

"ကျိုးယွမ် ခင်ဗျား ကျုပ်ကို ပုံရိပ်ယောင်နဲ့ လှည့်စားရဲတယ်ပေါ့"

"မင်းငါ့ကို မုန်းရင် ငါ့ဘဲ ဒုက္ခပေးပါ...မင်အိုက်က အပြစ်ကင်းပါတယ်"

"ဟင့်အင်း သူမရဲ့ အကြီးမားဆုံးအပြစ်က ခင်ဗျားဇနီးဖြစ်နေတာဘဲ...ဒါပေမဲ့ စိတ်ချပါ ခင်ဗျားသေသွားပြီးရင် သူ့ကိုလွှတ်ပေးမယ်"

သို့နှင့် ၂ယောက်သားတိုက်ခိုက်ကြလေသည်။ မိုးကြိုးများတလက်လက်နှင့် ဓားသံများ တချွင်ချွင်ကြားနေရလေသည်။၂ယောက်သား တိုက်ရင်း တဖြည်းဖြည်းနဲ့ ဂူအပြင်ဘက်ရောက်သွားလေသည်။ထိုအခါမှ lunaလည်း systemရဲ့အကူညီနဲ့ ကြိုးဖြတ်ပြီး အပြင်ထွက်လာလိုက်သည်။

အပြင်ရောက်ရောက်ချင်း သူမမြင်လိုက်ရတာက ကျင်းယွီရဲ့ ဓားက ကျိုးယွမ်ရဲ့ နှလုံးသားတည့်တည့်ကို ထိုးချထားပြီး ကျိုးယွမ်က အတွင်းအားကုန်သုံးကာ ကျင်းယွီကို လွင့်စင်သွားစေလေသည်။ထိုရိုက်ချက်ကြောင့် ကျင်းယွီလည်း သွေးအန်နေလေသည်။သူမ ကျိုးယွမ်ဆီကို အပြေးသွားကာ ပွေ့ထားလိုက်သည်။ထိုစဉ် ကောင်ကင်မှ ရွှေရောင် အလင်းတန်းများကျလာကာ မျက်စိစူးစရာ အလင်းတန်းများ နှင့်အတူ ဝတ်ရုံဖြူဝတ် လူလတ်ပိုင်းတစ်ယောက် ပေါ်လာလေသည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now