Life-4.3 : Meow

2.1K 333 71
                                    


《Zawgyi》

ပိုင်ချင်း အနှီလူပွေ့ထားရာမှ ခုန်ဆင်းပြီးပြေးဖို့ လုပ်လိုက်ပေမဲ့ သန်မာလှသော လက်မောင်းများကြားမှ ရုန်းထွက်၍မရ ဖြစ်နေလေသည်။ထိုသူက သူ့ကိုမြောက်ကိုင်လိုက်သည့် အပြင်အမြီးကိုလှန်ကြည့်ကာ သူရဲ့ရွှေဥလေးတွေကိုလှမ်းကိုင်လိုက်သောကြောင့် ပိုင်ချင်း မျက်လုံးပြူးသွားလေသည်။

'Fuk..ငါက အသွင်ပြောင်းနိုင်တဲ့အဆင့်မြင့်သားရဲဆိုပေမဲ့ အခုမှ ကြောင်သာသာရုပ်လေးဘဲရှိသေးတယ်လေ...ဒီလူက ဘာလဲဟ...သားရဲကိုတောင်မှ အသားယူချင်တာလား'

"မင်းက အထီးလေးဘဲ"

'ဟုတ်တယ်ဟေ့..မင်းအဖေက အထီးဟ..အထီး'

ပိုင်ချင်း ဒေါသထွက်ကာ ဟိန်းလိုက်သည်။

"မြောင်း~"

'လခွမ်း ပြောတော့ နတ်သွေးတစ်ဝက်ပါတဲ့ ကျားဆို ဘာလို့ တညောင်ညောင်နဲ့ ကြောင်သံဘဲထွက်နေတာလဲ'

ပိုင်ချင်း ထိုသူ့လက်မှ အတင်းရုန်းကန်နေလိုက်သည်။

"အိုး...မင်းက အဆိုးလေးဘဲ ကြည့်ပါဦး..ဒေါသတွေထွက်နေလိုက်တာ"

စုန့်ဝူရှင်း သူ့ကိုချီကာ သူတစ်ခါမှ မရောက်ဖူးသောနေရာသို့ ခေါ်လာလေသည်။ထို့နောက် သူကို စားပွဲတစ်ခုပေါ်သို့ ညင်သာစွာချရင်း ပွတ်သပ်ပေးနေလေသည်။ ပိုင်ချင်းအစက ပြေးထွက်ချင်ပေမဲ့ လမ်းမသိတာကြောင့်ရော နဲနဲဇိမ်ရှိသလိုခံစားမိတာကြောင့်ရော ငြိမ်နေလိုက်ပြီး နောက်ဆုံးတော့ အိပ်ပျော်သွားလေသည်။


အချိန်တစ်ခုကြာသောအခါ အလွန်မွှေးသောအနံတစ်ခုကြောင့် သူနိုးလာလေသည်။

'မွှေးလိုက်တာ'


"အကောင်ပေါက်လေး..မှော်ဝင်ဝက်သားရဲကင် စားချင်လား"

"ဝူး..ဝူး.."


"စားချင်ရင် မြောင်လို့ ကျယ်ကျယ်လေးအော်ပြ"

'အောင်မာ ငါ့များ အစားတစ်လုပ်အတွက်နဲ့ သိက္ခာကျခံမယ်ထင်လား...အနဲဆုံး လေးငါးလုပ်တော့ စားရမှာပေါ့..ရှလွတ်'

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now