Life-2.4 : Young Daoist

3.1K 461 34
                                    

《Zawgyi》

Luna စားသောက်ပြီးတော့ သူမ အခန်းကို ပြန်လာပြီးတော့ အိပ်ရာပေါ် လဲလျောင်းရင်း အတွေးနယ်ချဲ့နေလေသည်။ဆရာကတော့ မီးဖိုခန်းထဲမှာ အိုးခွက်ပန်းကန်တွေကို ဆေးနေလေသည်။

[A/N : ဟင်းချက်ကျွေးပြီးတခါတည်း ပန်းကန်တွေပါ ဆေးပေးမဲ့ ဆရာမျိုးလေး တစ်ယောက်လောက် Cathလည်းလိုချင်မိ]


'အင်းးး နဂိုဝတ္ထုမှာက ချန်မင်အိုက်က ပထမဆုံးအမဲလိုက်ပွဲမှာ အစွမ်းမပြနိုင်ခဲ့လို့ ကြေကွဲနေတာနဲ့ ဇာတ်လိုက်ကို အဖတ်မလုပ်ဖြစ်ဘူး...အဲ့တော့ ဇာတ်လိုက်က transmigrateလုပ်လာတဲ့ မင်ရှုနဲ့ အတူ မြေခွေးဖမ်းရင်း အသဲတွေတုန် ရင်တွေခုန်ကုန်ရော...အကိုကြီးကလည်း မိုးသည်းလို့ နတ်တောင်ပေါ်မှာ ၃ရက်ပိတ်မိမှာ...အခုတော့ ကျင်းယွီက အကိုကြီးနဲ့ ၃ရက်ကြီးတောင် တူတူ ပိတ်မိနေမှာဆိုတော့...ဟိ...ဟိ'

Luna အတွေးထဲမှာ မှောင်ရင်းနဲ့ အိပ်မောကျကာ အိပ်မက်ထဲတွင် ဆက်မှောင်နေလေသည်။

€€€€€€€€€

နတ်တောင်တွင်~

"အကိုကြီး မိုးတွေရွာလာပြီ...သတိထား"

"အွန်း ညီ၃ရေ အကိုတို့ ဂူတစ်ခုထဲမှာ မိုးခိုရအောင်"

"အကိုကြီး ရှေ့မှာ ဂူတစ်လုံးတွေ့တယ်"

သို့နှင့် ဂူထဲသို့ရောက်သော်...

"ဒီဂူက နဲနဲထူးခြားနေသလိုဘဲ...ညီ၃ ဝက်ဝံကြီး သတိထား!!!"

ဝက်ဝံကြီးက ရှေးဦး သားရဲဖြစ်တဲ့ ရွှေအမွှေး ဝက်ဝံဖြစ်သည်။ခွန်အားကြီးပေမဲ့ အသိဥာဏ်နဲလေသည်။မကြာခင် ၂ယောက်သား ညီညီညာညာနှင့်တိုက်ပွဲဝင်လျက် ဝက်ဝံကြီးကို သုတ်သင်လိုက်နိုင်လေသည်။

"ညီ၃ မင်း အင်္ကျီတွေ ပြဲကုန်ပြီ...ရော့...ဒါဝတ်ထားလိုက်...မင်းနဲနဲ ဝက်ဝံလက်သည်းနဲ့ ခြစ်မိထားတာအတွက် ငါဆေးသွားခူးလိုက်ဦးမယ်"

ပိုင်ဟွား ပြောပြောဆိုဆိုနှင့် အပေါ်ဝတ်ရုံလေးချွတ်ပေးကာ ဆေးတောင်းလေးလွယ်လျက်ထွက်သွားလေသည်။

ခဏကြာသော် ဆေးပင်ခူးပြီးပြန်လာသောအခါကျင်းယွီ အတွင်းဝတ်ရုံလေးသာ ဝတ်ထား၍ ရေစိုကာ အသားနှင့်ကပ်နေကာ ကျစ်လျစ်လှပသော ခန္ဓာကိုယ်လေးကို မြင်နေရသည့် သူ့ဆရာတူ အကိုကြီးထံမှ အကြည့်မလွဲနိုင်ခဲ့ပေ။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now