Life-5.6 : The Great King

343 31 2
                                    

《Zawgyi》

မုရုံချင်းစု တစ်ယောက် သူ့ကို ချစ်ဇနီးလေးလို့ခေါ်ပြီး လိုက်တွယ်ကပ်နေသော နန်ကုန်းကူယွဲ့ကို အတော်လေးစိတ်ရှုပ်နေပြီဖြစ်သည်။ လေ့ကျင့်ရေးစခန်းမှသည် သူမအဆောင်ရောက်သည်အထိ ကလေးတစ်ယောက်လို လိုက်တွယ်ကပ်နေတာဖြစ်သည်။ ယခုလည်း မိမိအဆောင်ဧည်ခန်းထဲတွင် မိန့်မိန့်ကြီးထိုင်ကာ လက်ဖက်ရည်သောက်လိုက် မုန့်စားလိုက်နှင့်ပင် လုပ်နေလေသည်။ မုရုံချင်းစု သည်းမခံနိုင်တော့ဘဲ စားပွဲခုံကို ရိုက်ချလိုက်သောအခါ နန်ကုန်းကူယွဲ့တစ်ယောက် မျက်လုံးလေး အပြူးသားဖြင့် မော့ကြည့်လာလေသည်။ မုရုံချင်းစုတစ်ယောက် အစက ဒေါသထွက်နေပါသော်လည်း နန်ကုန်းကူယွဲ့၏ ဤချစ်စရာပုံစံလေးကို မြင်သောအခါ ရယ်ချင်မိသွားသည်။ သို့သော်လည်း ဟန်ကိုယ့်ဖို့ဖြစ်အောင် စိတ်ထိန်းကာ စကားပြောလိုက်သည်။

"နန်ကုန်းကူယွဲ့ နင်ဘာတွေကြံစည်နေပြန်တာလဲ?"

"မြောင်~"

"နင့်ကြီးတော်ကြီးကို "မြောင်"...နင်တကယ် ဦးနှောက်ပျက်သွားတယ်ဆိုရင်လည်း ငါ့အဆောင်မှာမနေနဲ့ တော်ဝင်သမားတော်သွားပြချေ"

"ချစ်ဇနီးကလည်း စိတ်မဆိုးပါနဲ့ ကိုယ်တော့်က ကိုယ့်ဇနီးအနားမှာ နေချင်ရုံလေးပါ"

"ဟန်ဆောင်နေတာတွေတော်လိုက်တော့...ငါတို့က ဘယ်တော့မှ မချစ်ခဲ့သလို..ငါကလည်း နင့်ဇနီးဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး...ငါတို့ လက်ထပ်ထားတာက အပေးအယူနဲ့ ဟန်ပြသဘောဘဲဆိုတာ နင်မေ့သွားပြီလို့တော့ လာမပြောနဲ့...နင့် အကြံအစည်က ဘာလဲ..ဘာလုပ်ချင်လို့ အခုလိုတွေ လာဟန်ဆောင်နေတာလဲ?"

"ချစ်ဇနီးက ကိုယ်တော့်ကို အော်တယ်...ဝူး..ဝူး"

Luna သူ့ချစ်ချစ်လေးဆီမှ အသနားခံရရန်အတွက် မျက်ရည်လေးနှစ်စက် သုံးစက် ညှစ်ထုတ်ပြလိုက်သည်။

"ကိုယ်တော်က ချစ်ဇနီးနဲ့ ရင်းနှီးချင်ရုံလေးပါ...ဝူး..ဝူး..အရင်က မချစ်ခဲ့ရင်တောင်မှ အခုချစ်နေပြီလေ...ဝူး..ဇနီးလေး ကိုယ်တော့်ကို မစွန့်ပစ်ပါနဲ့နော်..ဝူး..ဝူး"

Mischievous Girl In A Roleplaying Game(Own Creation)Onde histórias criam vida. Descubra agora