《Unicode》နန်ကုန်းယွင်ရှန်းတစ်ယောက် နောင်တော်က ယနေ့ စစ်မှုရေးရာအကြောင်းသင်ပေးမည်ဟု လွန်ခဲ့သော တစ်ပတ်ကတည်းက ကတိပေးထားသဖြင့် နောင်တော်မင်းကြီး၏ ရွှေနန်းတော်ထံ့သို့ လာခဲ့လိုက်သည်။ သို့သော်လည်း ထူးဆန်းစွာပင် အလွန်ဉာဏ်ကောင်းသောနောင်တော်က ယနေ့တွင်တော့ ကတိပေးထားသည်ကို မေ့ကာ စစ်ရေးစခန်းတွင် စစ်သားများကို လေ့ကျင့်ပေးရန် ထွက်သွားလေသဖြင့် နန်ကုန်းယွင်ရှန်းခမျာ နန်းဆောင်မှပြန်လှည့်လာရလေသည်။
နန်ကုန်းယွင်ရှန်း ဘုရင့်နန်းဆောင်ထဲမှ လှည့်အပြန်တွင် ဥယျာဉ်ထဲ၌ ပန်းခူးနေသော မုပိုင်ဟွားကို တွေ့လေသည်။ နန်ကုန်းယွင်ရှန်း တစ်ယောက် အသံတိတ်နေကာ သူမြတ်နိုးရသောသူလေး၏ ပုံရိပ်ကို အမြတ်တနိုးကြည့်နေမိသည်။ မှန်ပေသည်။ သူ မြတ်နိုးရသောသူ...သူ့ရဲ့ မရီးတော်တွေထဲက တစ်ယောက်...သူငယ်စဉ်က သူ့နောင်တော် အိမ်ရှေ့စံမင်းသား၏ အိမ်တော်တွင်သာ နေထိုင်၍ ကြီးပြင်းလာခဲ့ရသည်။ ထိုစဉ်က အသက်၉နှစ်လောက်ကတည်းက သူမက သူ၏မရီးဖြစ်နေပြီဖြစ်သည်။ သူ့အတွက်တော့ သူမက တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းလည်းဖြစ်ကာ သူ့မိခင်အပြင် အခြားသူရင်းနှီးသော တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်သည်။ ငယ်ငယ်ကတည်းက သူက သူ့အနားအမျိုးသမီးတွေကပ်တာကို မကြိုက်သော်လည်း သူမနှင့်နီးကပ်ရမှာကိုတော့ နှစ်သက်မိသည်။ ထို့ကြောင့်လည်း ငယ်စဉ်က အစေခံမလေးတွေကို သူ့အားမခစားစေဘဲ မရီးတော်ဖြစ်သည့် သူမကသာ သူ့အား အစစအရာရာဆောင်ရွက်ပေးခဲ့သည်။ နောင်တော်မင်းကြီး နန်းတက်ကတည်းက သူမက ရွှေနန်းတော်သို့ ပြောင်းရွှေ့သွားရသဖြင့် နန်ကုန်းယွင်ရှန်းအနေဖြင့် သူမကို တစ်လနေ၍ တစ်ကြိမ်ပင်မတွေ့ဖြစ်တော့ပေ။
[A/N : မင်းသားတွေကို အရွယ်တစ်ခုရောက်ရင် ဘွဲ့တစ်ခုချီးမြှင့်ပြီး နန်းတော်ပြင်မှာ အိမ်တော်တစ်ခုနဲ့ ထားတာပါ...နန်းကုန်းယွင်ရှန်းက အသက်ငယ်သေးတာကြောင့် အရင်ဘုရင်က နန်ကုန်းကူယွဲ့ရဲ့အိမ်တော်မှာဘဲ နေခိုင်းထားတာပါ]
"မမ"
"ရှောင်ဝမ်ရယ်? ဒီကို ဘာလာလုပ်တာလဲ?"
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...