Life-4.7 : Meow

1.7K 237 12
                                    

《Zawgyi》


မကြာမီ အန်းဟယ်နှင့် မော့ယောင် အသေအကြေတိုက်ကြတော့သည်။ ပိုင်ချင်းကလည်း ကူညီအားဖြည့်ပေးနေလေသည်။ သို့သော်လည်း အန်းဟယ်က မိစ္ဆာသွေး နိုးမထသေးသလို ပိုင်ချင်းကလည်း လူအသွင်သာ ယူထားသော်လည်း ကျင့်ကြံအဆင့်မှာ ရွှေအမြုတေ စဦးအဆင့်(Gold Core Realm)သာ ရှိသေးသောကြောင့် မိစ္ဆာဘုရင်၏ပြိုင်ဘက် မဟုတ်ပေ။ အနှီလူက အန်းဟယ်နှဖူးတည့်တည့်ကို အစွမ်းနှင့်ပစ်လိုက်လေသည်။ အန်းဟယ်တစ်ယောက် သေမတတ်နာကျင်မှုကို အံတုရင်း မြေပြင်ပေါ်တွင် ခေါင်းကို ကိုင်ရင်းလှည့်နေတော့သည်။

ဤသည်က မိစ္ဆာသွေးကို ချိပ်ပိတ်ထားသော စည်းပျက်သွားခြင်း ဖြစ်ကြောင်း ပိုင်ချင်းသိလိုက်လေသည်။ သို့သော် မိစ္ဆာသွေးနိုးထလာချိန်က စောလွန်းလှသည်။ နဂိုက ကျူလင်နှင့် နှစ်ယောက်သား အဆိပ်မိပြီး ဘာလိုလို ဖြစ်သွားပြီးနောက် ဂိုဏ်းပြန်ရောက်ချိန်တွင် အားလုံးက ဝိုင်းလက်ညှိုးထိုး အပြစ်တင်ခံရသဖြင့် နာကျည်းကာ မိမိဘာသာချိပ်စည်းကို ချိုးဖျက်ပြီး မိစ္ဆာသွေး နိုးထလာခဲ့သည်။ နောက်ပိုင်း ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် ပိုင်ချင်း၏ မြှောက်ပေးမှုဖြင့် အန်းဟယ်ကို မုန်းတီးနေသော ဆရာတူအကို တစ်ယောက်က အန်းဟယ်ကို သတ်ရန်ကြိုးစားလေသည်။ အန်းဟယ်က ထိုသူကို နိုင်လိုက်သော်လည်း သူ့ရဲ့ မော့ချီကို သုံးလိုက်မိသဖြင့် သူ့အားမိစ္ဆာကျင့်ကြံသူအဖြစ် လူသိကုန်ကြကာ ကျူလင်သည်ပင် သူ့ကို မကယ်နိုင်တော့။ ဂိုဏ်းတူညီလုပ်သူကို သတ်မှုဖြင့် ဂိုဏ်းမှ အထုတ်ခံရကာ...ရှန်းဟော်ဂိုဏ်း၏ ဘုံရန်သူအဖြစ် သတ်မှတ်ခံရပြီး ထိုနေ့နောက်ပိုင်းမှစ၍ ရှန်းဟော်ဂိုဏ်းသားများ သူ့ကို တွေ့ရာအရပ်တွင် သတ်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ကာ နှင်ထုတ်လိုက်လေသည်။ ဤသည်က ကျူလင်မျက်နှာထောက်ကာ အသက်ညှာဆုံးစီရင်လိုက်ခြင်းဖြစ်သည်။ ထိုနေ့မှစ၍ အန်းဟယ်တစ်ယောက် မိစ္ဆာလုံးလုံးဖြစ်သွားတော့သည်။

အန်းဟယ် နာကျင်မှုဖြင့် မြေပေါ်တွင်လှိမ့်နေချိန် မော့ယောင်က ပိုင်ချင်းကို ဦးတည်၍ တိုက်လာလေသည်။ မော့ယောင်၏ သိုင်းကွက်များက ပြင်းထန်ကာ အကွက်စေ့လှလေသည်။ ပိုင်ချင်း ပြန်တိုက်ရန်မဆိုထားနှင့် မနဲပင်ရှောင်နေရလေသည်။ ပိုင်ချင်း လူအသွင်မှ ကျားအသွင်ပြောင်းလိုက်ကာ ဟိန်းလိုက်သည်။ ဟိန်းသံကြောင့် မော့ယောင် သိုင်းကွက်ပျက်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရသည်။ နတ်ကျား၏အစွမ်းမှာ မိုးကြိုးသွားများဆင့်ခေါ်ခြင်း ဖြစ်ပြီး မြေခွေးသားရဲ၏အစွမ်းက ညှို့စားခြင်းဖြစ်သည်။ ထို့ကြောင့် ပိုင်ချင်းက ထိုနှစ်ခုလုံးကို သုံးနိုင်လေသည်။ ပိုင်ချင်း အမြီးကိုးချောင်းကို ဆွဲဆောင်မှု ရှိစွာ လှုပ်ရမ်းလိုက်၍ မော့ယောင်ကိုစိတ်ငြို့လိုက်သည်။ ထို့နောက် မော့ယောင် တစ်ခဏမျှငြိမ်သွားချိန်တွင် ကောင်းကင်ပေါ်မှမိုးကြိုးနှင့် ပစ်ချလိုက်သည်။ ရုတ်တရက်မို့ မော့ယောင် သွေးတစ်ပွက်ခန့်အန်သွားသည်။ ပြီးနောက်မှ အံ့အားသင့်သွားသည့်ပုံနှင့် ရယ်ကာ ပိုင်ချင်းကို ထူးဆန်းသည့်အကြည့်နှင့်ကြည့်၍ပြောလေသည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now