《Zawgyi》
ပိုင်ချင်းအတွက် အမဲလိုက်ပွဲက အလွန်ကိုလွယ်ကူခဲ့သည်။ အရင်လူတုန်းကဆိုရင် အဆင့်၅သားရဲ ၃ကောင်..အဆင့်၎ ၁၀ကောင်၊ အဆင့်၃ အကောင်၂၀၊ အဆင့်၂ အကောင်၃၀နဲ့ အဆင့်၁ အကောင်၅၀တောင် ရထားတာမို့ အချိန်အတော်ကြာ နံပါတ်၁နေရာတွင်ရှိနေခဲ့သည်။ ထို့ကြောင့် ဘဝင်မြင့်ကာ အမဲဆက်မလိုက်ဘဲ..အခြားကျင့်ကြံသူတော်တော်များများနှင့် မိတ်ဆွေဖွဲ့ကာ အားနည်းသူများကို အခမဲ့ကူညီပေးနေခဲ့သည်။ တောအုပ်အနက်ဆုံးပိုင်းကို မသွားခဲ့။ မည်သူက ထင်မည်နည်း ဇာတ်လိုက်က အဆင့်မြင့် မြေခေးမိစ္ဆာသားရဲကို သတ်နိုင်မည်ဆိုတာကို...နဂိုလူက ပေါင်းသင်းဆက်ဆံရေးကောင်းသောကြောင့် ကျင့်ကြံရေးလောကရှိ လူငယ်တော်တော်များများက လေးစားကြသလို အကြီးအကဲများကလည်း ချစ်ခင်ကြသည်။ သို့သော်လည်း အန်းဟယ်က လောကကြီးကို အချစ်တရားထက် အကြောက်တရားက ပို၍သာလွန်စွာ အုပ်စိုးနိုင်ကြောင်း ပြသွားခဲ့သည်။
အရင်ဘဝက ပိုင်ချင်း မတွေ့ဘူးသော အကြီးအကဲမှာ မိမိတို့ရှန်းဟော်ဂိုဏ်း၏ ဂိုဏ်းချုပ် စုန့်ဝူရှင်းပင် ဖြစ်သည်။ ထိုသူက အမြဲအပြုံးလေးနှင့်နေတတ်သော်လည်း ရက်စက်သည့်အချိန်တွင် နာမည်နှင့်လိုက်ဖက်လှစွာပင် မိစ္ဆာဘုရင်ကြီးကတောင်မှ သူ့ကိုမှီမည်မဟုတ်...အပြုံးမျက်နှာအောက်မှ သူရဲ့ခံစားချက်အမှန်ကို မည်သူမှ မခန့်မှန်းတတ်။ မူလပိုင်ချင်းက ထိုသူရဲ့ပြတ်သားရက်စက်တဲ့စရိုက်ကိုသိတာမို့ ကျူလင်သတိပေးတဲ့အတိုင်း မိမိသားရဲဖြစ်ကြောင်း ရိပ်မိမှာစိုးသဖြင့် ထိုသူကိုဝေးဝေးရှောင်လေသည်။
(A/N : Song( 宋)Wu(无)Xin(心)_ 无心 mean heartlesss)
ယခုဘဝတွင်တော့ အန်းဟယ် ဒုက္ခရောက်ချိန်တွင် အနှီနှလုံးသားမဲ့သူကြီးက လာကူပါ့မည်လော...ပိုင်ချင်းတော့ ကူမည်မထင်...ထို့ကြောင့် ဇာတ်လိုက်ခြေသလုံးဖက်၍ သူငယ်ချင်းကောင်းကြီး လုပ်ရန်အလို့ငှာ အန်းဟယ်နောက်လိုက်သွားလိုက်တော့သည်။
"တာ့ရှစ်ရှုန်း ကျွန်တော့်ကို စောင့်ပါဦး..တူတူသွားရအောင်"
"ပိုင်ရှစ်တိ...မင်းက လူတော်တစ်ယောက်ဘဲကို အဖွဲ့လိုက်လှုပ်ရှားဖို့လိုလို့လား...ငါမင်းကို မလိုချင်လို့မဟုတ်ပါဘူး ငါမင်းနဲ့တကယ်တွဲချင်တာပါ..အဟမ်း..ငါ..ငါပြောချင်တာက မင်းနဲ့အဖွဲ့ဖြစ်ချင်ပါတယ်...တော်ကြာ..မင်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုပြီး ရှစ်စွမ်းအကို့ကိုဆူမှာ စိုးလို့"
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...