《Zawgyi》
လူသတ်သမားတွေဟာ ကျန်းရီရဲ့ ပြိုင်ဘက် မဟုတ်ခဲပေ။ တစ်ခဏချင်းအတွင်း ကျန်းရီနဲ့ ကိုယ်ရံတော်တွေက လူသတ်သမားတွေကို ရှင်းလိုက်လေသည်။ ကျန်းရီ လက်မောင်းအပေါ်ကျောဘက်နားမှာ ဓားဒဏ်ရလေးရသည်မှလွဲ၍ လူတိုင်းအဆင်ပြေကြလေသည်။
အိမ်း...အဲ့ကျောဒဏ်ရာကလည်း တမင် အရခံလိုက်သည်ဟု ဆိုရင် ပိုမှန်ပေသည်။ပြီးနောက် လမ်းတစ်လျှောက်လုံး ကျောနောက်ဒဏ်ရာ ရသဖြင့် ဆေးမထည့်နိုင်ဟု ဆိုပြီး လင်းဖန်ကို ဆေးထည့်ပေးခိုင်လေသည်။ ဒဏ်ရာကို ကျက်ခံနီးတိုင်း လူမသိအောင် ဓားဖြင့် ပြန်ခွဲခြင်းဖြင့် နေ့တိုင်း အင်္ကျီချွတ်ကာ လင်းဖန်ရဲ့ ဆေးထည့်ပေးခံ ပြုစုခံလေသည်။
သေချာတာပေါ့...ကျန်းရီလို လူကြီးလူကောင်းတစ်ယောက်က ထိုသို့အကြံထွက်မယ်မဟုတ်...ရှန်မယ်မယ်တစ်ဖြစ်လည်း lunaမလေး၏ အကြံပင်ဖြစ်လေသည်။ ညနေတိုင်း လျှို့ဝှက်တွေ့ဆုံကာ တနေ့တမျိုး ပိုးနည်း ပန်းနည်းများကို သင်ပေးလေသည်။
ချင်ပြည်တော်ရောက်ရန် လမ်းခရီးတွင် သုံးလကြာမြင့်လေသည်။ ၃လအတွင်း lunaစနက်ဖြင့် ကျန်းလင်းအတွဲပေါ်ထွက်လာလေသည်။ ကျန်းရီကလည်း သူ့ချစ်ချစ်နှင့် အောင်သွယ်ပေးထားသောကြောင့် lunaကို နတ်ဘုရားမတစ်ပါးလို ဆက်ဆံလေသည်။
လမ်းခရီးမှာ ထပ်ပြီး လုပ်ကြံသူတော့ မပေါ်လာ..သို့သော် နန်းတော်မှ ထည့်ပေးလိုက်သော အစာခြောက်များထဲတွင် အဆိပ်ပါ ပါနေလေသည်။ အားရုံသာ မပါးနပ်လျှင် lunaတစ်ယောက် အစားအငမ်းကောင်း၍ ဂန့်နေလောက်ပြီဖြစ်သည်။
$$$$$$$$$
ချင်ပြည်နယ်ရောက်သည်နှင့် သူမ ချင်ဘုရင် လော့ရွှယ်အား ဂါဝရပြုရလေသည်။
"ချင်ဘုရင်မင်းမြတ်ကို ချီနိုင်ငံမှ ရှန်ယွဲ့ ဂါဝရပြုပါတယ်"
Luna ချင်ဘုရင်ကို အကဲခတ်မိသည်။ အသက်က ၂၀ကျော်မျှသာ ရှိသေးပုံရသည်။ ဆံပင်တွေက ဖြူဖွေးနေပြီး အတော်လေးရှည်လျှားလေသည်။ ဆံပင်အဖြူရောင်တွေရှိနေပေမဲ့ အဖိုးအိုရုပ်မပေါက်စေဘဲ အရမ်းကို ချောမောလှပပြီး နတ်ဘုရားတစ်ပါးအသွင်ဆောင်နေလေသည်။ မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီက ရက်ရက်စက်စက်ကို လှပလွန်းနေပြီး ဘယ်ဘက်မျက်လုံးအောက်က မှည့်လေးက အလွန်လိုက်ဖက်လှစွာ ညှို့စားစေသည်။ ပုံမှန်ဆိုရင် မိန်းမချောချောသည်ဟု ထင်ကောင်းထင်နိုင်ပေမဲ့ အလွန်ပြင်းထန်တဲ့ အရှိန်အဝါတစ်မျိုးက ပျင်းပျင်းထန်ထန်ဖိအားပေနေသောကြောင့် ဘယ်သူမှ ထိုအတွေးမျိုးတွေးမိမှာမဟုတ်ပေ။ချီဘုရင် မင်းယန်တွင်တောင်မှ ထိုသို့သော အရှိန်အဝါမျိုးမရှိပေ။Lunaတို့ရောက်လာတာ ညနေစောင်းပြီမို့ အရှင်မင်းမြတ်က ပေါ့ပေါ့ပါးပါးဝတ်စုံနှင့် အစီရင်ခံလွှာများကို ဖတ်နေခြင်းဖြစ်သည်။ထိုသို့သော စာဖတ်နေချိန်တွင်ပင် အေးစက်သော အရှိန်ဝါများကို ထုတ်လွှတ်နေလေသည်။
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...