Life-1.11 : Try to be an Empress

3.9K 556 21
                                    

《Zawgyi》

လော့ရွှယ် မနက်ပိုင်း ညီလာခံပြီးသွားတော့ တော်ဝက်ပန်းခြံက နှင်းဆီဥယျာဉ်ဆီ သွားလိုက်သည်။ ကြားဖူးတာကတော့ အရင်မင်းကြီးက သူ့မယ်တော်အတွက် လုပ်ပေးခဲ့တာတဲ့....

သူနေ့တိုင်း ညီလာခံပြီးရင် ဒီကိုလာပြီး အပန်းဖြေလေ့ရှိသည်။ မင်းသားဘဝတည်းက ဒီဥယျာဉ်ကို အလွန်နှစ်သက်မိလေသည်။ ယနေ့တော့ ထိုဆိတ်ငြိမ်သော ဥယျာဉ်လေးမှာ နူးညံ့လှပတဲ့ တေးသံကို ကြားလိုက်ရသည်။

အသံလာရာကို ခြေသံဖွပြီးသွားလိုက်တော့ ကုချင်တီးနေသော မိန်းမလှလေးကို တွေ့ရလေသည်။ သူမက အဖြူစွတ်စွတ် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို တဝက်ချထားကာ တဝက်ကို ကျောက်စိမ်းဖြူဆံထိုးလေးဖြင့် ကပိုကရိုထုံးထားလေသည်။လေပြေလေညင်းလေးက သူမရဲ့ ဝတ်ရုံစလေးနဲ့ ဆံပင်တွေကို လွင့်မြောရုံလေးတိုက်ခတ်နေပြီး...ကုချင်းတီးပြီး သီချင်းဆိုနေပုံလေးက ဂီတနတ်ဘုရားမက လူ့ပြည်ဆင်းသက်လာတဲ့အတိုင်း အရမ်းကိုကျက်သရေရှိပြီး အသံလေးက သာယာလွန်းလှသည်။

လော့ရွှယ် သူမ အလှမှာ နစ်မြောမိသွားလေသည်။ မကြာခင် သီချင်းတစ်ပုဒ်ပြီးသော အခါ သူမ ဘာဆက်လုပ်မလဲ ကြည့်နေတုန်း ...သူမက ရုတ်တရက်ပေါ်လာသော ကြောင်ဖြူလေးကို အသည်းအသန်လိုက်ဖမ်းလေတော့သည်။

'ဩော် သူလေးက ကြောင်ချစ်တာလား ခုဏကတော့ အမတနတ်ဘုရားမနဲ့တူပြီးတော့ အခုကြတော့ ချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်သွားတာဘဲ'

ရေခဲတုံးမျက်နှာပိုင်ရှင် လော့ရွှယ်တွင် ထူးခြားစွာ နှုတ်ခမ်းထောင့်စွန်းလေးကော့တတ်နေလေသည်။

&&&&&&&

Luna တစ်ယောက် Wuji သီချင်းတီးကြည့်ပြီး နောက် ဘာလုပ်ရမလဲစဉ်းစားနေစဉ်...ပူစီဖြူလှလှလေး တစ်ကောင်တွေ့လိုက်တာမို့ ကြောင်တွေ့ရင် မနေနိုင်တဲ့ စိတ်အရ အသည်းအသန်လိုက်ဖမ်းတော့သည်။ ကြောင်လေးကလည်း အချေ လိုက်လေ ပြေးလေဖြစ်သည်။ နောက်ဆုံး သစ်ပင်ပေါ်တက်ပြေးသောကြောင့် သူမလည်း သစ်ပင်ကို စတွယ်တက်တော့သည်။ ကြောင်နားရောက်ခါနီး သူမ ခြေချော်ပြီး သစ်ပင်ပေါ်က ပြုတ်ကျလေတော့သည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now