Life-1.13 : Try to be an Empress

3.8K 474 36
                                    


《Zawgyi》

Luna ရုတ်တရက် ပါးပြင် ၂ဖက် နီရဲလာပြီး....

"အရှင် ကျွန်မက အဲ့လို မိန်းမစားမျိုးမဟုတ်ပါဘူး"

"မင်းဘာတွေပြောနေတာလဲ....ဆေး...ငါ ခုံပေါ်က ဆေး သောက်ရမှဖြစ်မယ်...မြန်မြန်"

'ဩော်..ဆေးလား သိဘူးလေ papapaချင်တာမှတ်နေတာ'

[A/N : စွတ်မှောင်နေသောချိမ...ယူတို့လည်း အရင်အပိုင်းဖတ်ပြီး မှောင်သွားတယ်မလား မှန်မှန်လိမ်]

Luna မြန်မြန် ဆေးယူပေးပြီး တိုက်လိုက်သည်။မကြာမှီ လော့ရွှယ် အသိပြန်ဝင်လာတော့သည်။

"မင်း ကိုယ်တော့် လျှို့ဝှက်ချက်တွေ အကုန်သိသွားပြီပေါ့"

"ဟုတ်ကဲ့"

"ကျန်းရီတောင် ဒီအဆိပ်မိနေတဲ့ အကြောင်းဘဲသိတာ ငါက မိန်းကလေးမှန်း မသိဘူး..ငါ့ရဲ့ဆုံးသွားတဲ့ မယ်တော်ပြီးရင် မင်းက ဒီအကြောင်းတွေ သိတဲ့ တစ်ဦးတည်းသောသူဘဲ...ငါမင်းကို သတ်ပစ်မှာ မကြောက်ဘူးလား"

"ဟင့်အင်း"

"ဘာလို့လဲ"

"အရှင်က မင်းကောင်းမင်းမြတ်တစ်ပါးမို့လို့"

"မင်း သိတာမှားနေပြီ...တစ်လောကလုံးသိတယ် ငါက ရက်စက်တတ်တဲ့ မင်းတစ်ပါးဆိုတာ...တစ်ဆွေတစ်မျိုးလုံးကိုသတ်ပြီး မင်းတက်လုပ်နေတယ်ဆိုတာ"

"ကျွန်မ မယုံဘူး"

"အဲ့တာ အမှန်ဘဲ...ဘယ်လိုလဲ မင်းကြောက်သွားပြီလား"

"ကိစ္စတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းပြချက်ရှိတတ်ပါတယ်...ဘယ်သူမှ မွေးရာပါ လူဆိုးဖြစ်လာတာမဟုတ်ပါဘူး...အရှင့်မှာလည်း အရှင့်အကြောင်းရှိမှာပေါ့"

"မင်းပြောတာ တဝက်တော့မှန်တယ်...တကယ်က ငါသူတို့ အားလုံးကို သတ်လိုက်တာဟာ နဂါးပလ္လင်ကြောင့်မဟုတ်ဘူး...အရမ်းမုန်းလို့...သေမတတ်မုန်းလို့...ငါ့မျိုးရိုးအစစ်က လော့မဟုတ်ဘူး ကျင်း...ငါက တော်ဝင်မျိုးရိုးမဟုတ်ဘူး...ငါ့အမေက သာမန်အရပ်သူလေးပါ သူမက ငယ်ရွယ်စဉ်မှာ ရိုးရှင်းစွာနဲ့ သူမရဲ့ ဆရာ တော်ဝင်သမားတော်ကျင်းနဲ့ ချစ်ကြိုက်ခဲ့တယ်...လက်ထပ်ဖို့ ၃ရက်အလိုမှာ ဘုရင်ကြီးက အပျင်းဖျားနာလို့ တော်ဝင်သမားတော်ကို ဆင့်ခေါ်စေတယ်...မယ်တော်က ဆေးဝါးအကူအနေနဲ့ နန်းတော်ကို အဖေ့နောက် လိုက်လာခဲ့တယ်...အဲ့ဒီ့မှာ ကံဆိုးချင်းတွေစတာဘဲ...ငယ်ရွယ်တဲ့ အမေ့ကို ဘုရင်က မြင်မြင်ချင်း သဘောကျတာမို့ ကောက်ကျစ်တဲ့ အစီအစဉ်ပြုလုပ်တော့တယ်...မင်္ဂလာဆောင်နေ့မှာ သတို့သမီးကို ကျင်းအိမ်တော်ပို့ရမယ့်အစား နန်းတော်ကို ခေါ်ဆောင်စေတယ် တချိန်ထဲမှာဘဲ ရဲမက်တွေကို လွှတ်လို့ ကျင်းတစ်အိမ်လုံးကို သုတ်သင်စေတယ်။ မယ်တော် ခမျာ အဲ့လိုနဲ့ နန်းတော်ထဲရောက်လာတယ်...ဒါပေမဲ့ မယ်တော်က ဘုရင်ကို သူ့အသားကိုတောင် အထိမခံဘူး...ဘုရင်ကြီးက နည်းမျိုးစုံနဲ့ ပိုးပန်းပေမဲ့လို့ပေါ့...တနေ့ရောက်တော့ မယ်တော်က သူ့ဆရာနဲ့ရတဲ့ကိုယ်ဝန်ပေါ်လာတယ်...အဲ့ကတည်းက မယ်တော့်အပေါ်ထားတဲ့ မင်းကြီးရဲ့ မေတ္တာတွေက ကုန်ခမ်းသွားခဲ့တယ်...သူမဆီ ဘယ်တော့မှ ထပ်မလာတော့ဘူး...မယ်တော်က သာမန်အရပ်သူ ဖြစ်တာမို့ သူမ အဆင့်အတန်းက ကိုယ်လုပ်တော် အဆင့်အတန်းသာရှိတယ်...ဘုရင်လည်း မျက်နှာသာမပေးတော့ရော သူမကို နည်းမျိုးစုံနဲ့ နှိပ်စက်တယ်...ကိုယ်ဝန်သည်စားမဲ့ အစာထဲကို အရမ်းပျင်းတဲ့ မီးတောက်အဆိပ်ကို ခတ်တယ်...ကံကောင်းချင်တော့ အဆိပ်က သန္ဓေသားထဲ ကိန်းအောင်းသွားတာ မယ်တော့်ကို မထိခိုက်စေဘူး...မယ်တော်က အတတ်နိုင်ဆုံး ကြိုးစားရှင်သန်ပေမဲ့ ကြာလာတော့ လောကဓံကို မခံနိုင်ခဲ့ဘူး...သူမက ကလေးကို ဖွားပြီးတော့ မိန်းကလေးဆို အနှိမ်ခံရမှာစိုးလို့ ငါ့ကို ယောက်ျားလေးလို နေစေတယ်...ငါ အသက်ငါးနှစ်မှာ မယ်တော့်ကို မိဖုရားခေါင်ကြီးက ခိုးမှုနဲ့ ယိုးစွပ်ပြီး ကြိမ်ဒဏ် အချက်၂၀၀ပေးတယ်။ နူးညံ့တဲ့ မယ်တော်က နာကျင်မှုကို မခံနိုင်ဘဲ ဆုံးလေတယ်။ ဘယ်သူမှ သူမအတွက် အရေးမယူပေးကြဘူး။ သနားစရာ ကလေးငယ်က အစကအဆုံး သူ့အမေသေတာကြည့်ခဲ့ရတယ်...မယ်တော်လည်းဆုံးရော ငါက နန်းမြို့အပြင်က နန်းဆောင်ဟောင်းတစ်ခုမှာ ကြီးပျင်းခဲ့တယ်...အထိန်းတော်ကြီးကြောင့် ဖြစ်ရပ်မှန်တွေကို သိခဲ့ရတယ်...အဲ့ဒီထဲက သူက သိုင်းကို သေချာလေ့လာပြီး လူစုခဲ့တယ်။ အချိန်တစ်ခုရောက်လာတော့ နန်းတော် တစ်ခုလုံးကို သုတ်သင်ပြီး သူတို့ မြတ်နိုးတန်ဖိုးထားရတဲ့ ဘုရင်နေရာကို သိမ်းပိုက်ခဲ့တယ်...ငယ်စဉ်က မိတဲ့ အဆိပ်ကြောင့် လပြည်ညတိုင်း သေမတတ်နာကျင်မှုကို ခံစားရတယ်...ကျန်းရီဘဲသိတဲ့ ဖြေဆေးသောက်ခြင်းဖြင့် အဆိပ်ကို မကုသနိုင်ပေမဲ့ ထိန်းထားနိုင်တယ်။ စိတ်လှုပ်ရှားရင် အဆိပ်ကို ပိုကြွစေတာမို့ အမြဲတမ်း ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ နှလုံးသားကို အေးစက်စေခဲ့တယ်...ငါက လူသတ်ရင်တောင် မျက်တောင်တစ်ချက်မခတ်တော့ဘူး...ဒါပေမဲ့ ငါမင်းကိုတွေ့တဲ့ အခါ ငါ့အမေကို အရမ်းသတိရစေတယ်။ မင်းက သူမ လိုဘဲ အရမ်းကို နူးညံ့လွန်းတယ်...တစ်ဖက်သားကို ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်စေတယ်"

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now