《Zawgyi》
Luna တစ်ယောက် နောက်နေ့မနက် နိုးလာလာခြင်းကြားလိုက်တဲ့ စကားက နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ချလိုက်သလိုပင်
'နန်းတွင်းဝင်ခစားရမယ်တဲ့...ငါလေးက တမင် မဝင်ချင်လို့ မနေ့က ဘုရင်ကို ပညာပြထားတာလေ...မဟုတ်မှလွဲရော လူမမြင်ကွယ်ရာ နန်းတွင်းကို ခေါ်ပြီးများ နိုပ်စက်မလို့ များလား....အား!!!!'
သို့နှင့် မကြာမှီ နန်းတွင်းမှ မားမားများရောက်လာပြီး ရှန်ယွဲ့ကို ဖီးလိမ်းပြင်ဆင်ပြီး မိဖုရားတစ်ပါး၏ အဆောင် အယောင်များဆင်ပေးလေသည်။
Luna အတော် စိတ်ညစ်မိလေသည်။ ဝတ်ရုံ အထပ်ထပ် ဝတ်ရသည့်အပြင် ခေါင်းပေါ်မှာလည်း အဆင်တန်ဆာများက ဆင်ထားရသေးသည်။ပြီးနော်မှာတော့ သူမကို ဝေါယာဉ်ပေါ်တင်၍ နန်းတော်ဆီသို့ ခေါ်သွားလေတော့သည်။
နောက်ဆုံး မတတ်နိုက်သည့် အဆုံး Luna အရှိကို အရှိအတိုင်းသာ လက်ခံလိုက်ရတော့သည်။
Luna နန်းတော်သို့ လာရသည်တွင် သူမ အပျော်ဆုံးကတော့ ပန်းရောင်များစိုးမိုးနေသော အခန်းမှထွက်လာရခြင်းဖြစ်သည်။
ဝေါယာဉ်က အကောင်းစား ဖြစ်သော်လည်းဘဲ ယခုခေတ်က ကားတွေလောက်တော့ သက်တောင့်သက်သာ မရှိလှပေ။ ရှန်အိမ်တော်မှ နန်းတော်သို့ ခရီးကို ၁ရှီချန်လောက်ကြာအောင် စီးရလေသည်။(၁ရှီချန်=၂နာရီ)
နန်းတော်ရောက်တော့ နန်းတွင်းအပျိုတော်ကြီးနှင့် ရံရွေတော်များက ဂါဝရပြုပြီး မိမိအဆောင်တော်သို့ ခေါ်သွားလေသည်။
အဆောင်တော်ရှိ မိမိအခန်းကို မြင်သောအခါ Luna ရဲ့ မျှော်လင့်ချက်ကမ္ဘာလေး ပျက်စီးသွားတော့သည်။ဘာလို့လဲဆိုတော့ လုံးဝကို ပန်းရောင်တွေချည်းဘဲ ဖြစ်နေသောကြောင့်...အိမ်က အခန်းက ပန်းရောင် အသုံးဆောင် အများစု ကို သုံးထားတာဆိုရင် ဒီအခန်းက ပန်းရောင်တွေချည်းဘဲ သုံးထားတာ...ကြမ်းပြင်ကိုပါ ပန်းရောင်ကောဇောခင်းထားလေသည်။
Luna စိတ်အညစ်ကြီး ညစ်နေတုန်း နောက်မှ ဩဇာညောင်းသော အမျိုးသားအသံထွက်ပေါ်လာလေသည်။
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...