Life-1.1: Try to be an Empress

5.9K 561 16
                                    

《Zawgyi》

Luna တစ်ယောက် မျက်လုံး ဖွင့်လိုက်တော့ ပန်းနုရောင် လိုက်ကာစတွေနဲ့ ကာရံထားပြီး ပုလဲလုံးတွေနဲ့ အလှဆင်ထားတဲ့ ကုတင်....အဲ..ကုတင်ဆိုတာထက် ရှေးခေတ်က သလွန်ဆိုတာမျိုးလိုလို...မွေ့ယာ အစား ပိုးသားနဲ့ လုပ်ထားတဲ့ ပန်းရောင်ဂွမ်းစောင်တွေ ခင်းထားတာတွေ.ရလေသည်။အခန်းတစ်ခုလုံးက ပန်းရောင်အသုံးဆောင် အများစုနဲ့ ပြည့်နက်နေသည်...Luna တွေးမိသည်...'ကလေးဆန်လိုက်တာ'

ထိုစဉ် system ရဲ့ အသံထွက်ပေါ်လာလေသည်။

<ဂုဏ်ယူပါတယ် Host အောင်မြင်စွာ ကူးပြောင်းပြီးပါပြီ အခုကတော့ ဘဝနံပါတ်၁ ပါ...အချက်အလက်တွေကို ခေါင်းထဲ တိုက်ရိုက်စနစ်နဲ့ ပို့ပေးလိုက်ပါ့မယ် Host အခု activation point 100 လက်ဆောင်ရထားပါတယ် ဆိုတော့က total point က 100 ပါ OOC mode မပွင့်သေးမချင်း OOC ဖြစ်လို့မရပါဘူး ဖြစ်ရင် point နှုတ်မှာပါ point တွေနဲ့ skill တွေဝယ်လို့ရပါတယ် point minus ပြသွားရင်တော့ Host ဆီကနေ system ပျောက်သွားမှာပါ တနည်းအားဖြင့် အခုလက်ရှိ ခန္ဓာကိုယ်မှာဘဲ Host ပိတ်မိနေပြီး Host ရဲ့ ဘဝအစစ်မှာတော့ ဂန့်သွားမှာပါ ကံကောင်းပါစေ Host ရေ>

ပြောချင်ရာပြောပြီးပျောက်သွားသော System ကို Luna မေတ္တာပို့လိုက်လေသည်။ 'အစုတ်ပလုတ် system ဘဝတိုင်း bottomထိုင်ရပါစေတော်'

Luna ခေါင်းထဲသို့ မှတ်ဥာဏ်များ ဝင်လာလေသည်။

Luna အခု ရောက်နေသည်က ရှန်ယွဲ့ဟူသော မိန်းကလေး၏ ခန္ဓာကိုယ်...သူမက ချီနိုင်ငံတော်ရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး အရမ်းကို စပ်စလူးခါပြီး ယောကျာ်းလေးလိုဝတ် အိမ်ပြင်ခိုးထွက် အရက်သောက်...စတာတွေနဲ့ မွေနေကျ ဇာတ်လမ်းတွေထဲကလိုဘဲ အလိုလိုက်ခံထားရတဲ့ မမလေးတစ်ယောက် ဒါပေမဲ့ ဇာတ်လမ်းထဲကနဲ့မတူတာက ဘုရင်က သူ့ကို ကြွေတာမဟုတ်ဘဲ သူက ဘုရင်ကိုကြွေသွားတာ ဖြစ်နေသည်။ ဒါကြောင့် ဖခင်အာဏာကို သုံးပြီးတော့ ဘုရင်ကို ညီလာခံမှာ ဖိအားပေးစေပြီး ကွေ့ဖေး*¹နေရာ ရအောင်ယူစေသည်။ ဒါပေမဲ့ ဘုရင်က သူ့ ဧကရီကို အလွန်ချစ်မြတ်နိုးတာမို့ ရှန်ယွဲ့ကို လှည့်တောင် မကြည့်ပေ...ဘုရင့်မယ်တော်ကြီးနှင့် ဧကရီကလည်း ရှန်ယွဲ့ကို စပ်စလူးခါလွန်းတာမို့ အမြင်ကပ်ကြသည်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူမက နန်းတော်ထဲမှာ နေရတော့ စိတ်အလွန်ကျဉ်းကျပ်လေသည်။ အာ့လိုနေနေတုန်းမှာဘဲ တနေ့ဘုရင်က သူ့အပေါ် အရမ်းတွေကောင်းလာသည်...ချက်ချင်းကြီး ဧကရီကို နန်းချပြီး သူမကို ဧကရီတင်လာတော့ ရှန်ယွဲ့တစ်ယောက် အပျော်ကို လွန်ရော...နောက်ကျမှသိလိုက်ရတဲ့ အမှန်တရားက ချင်နိုင်ငံက ဧကရာဇ်အသစ်က ငြိမ်းချမ်းရေး အလဲအလှယ်အနေနဲ့ ချီနိုင်ငံရဲ့ ဧကရီကိုမှ ကိုယ်လုပ်တော် အနေနှင့်တော်ကောက်လိုသည်ဟု တောင်းဆိုလာသောကြောင့်သာ...ချင်နိုင်ငံသားတွေက ရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကြီးပြီး အခုလက်ရှိဘုရင်ကပိုဆိုး တစ်ဆွေတစ်မျိုးလုံးကို သတ်ပြီး အငယ်ဆုံး မင်းသားကနေ ဘုရင်ဖြစ်လာခြင်းဖြစ်သည်။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now