《Zawgyi》
ကျိုးယွမ်နှင့် တပည့်များက မိစ္ဆာစည်းကိုဖာထေးပြီး အနီးဆုံးမြို့မှ လူများကို ကယ်တင်ရန်ဖြစ်သည်။သူမတို့လည်း အချိန်ဆွဲမနေဘဲ မှော်လက်နက်ကိုယ်စီဆွဲကာ နယ်စပ်မြို့ကို ထွက်လာလိုက်သည်။
နယ်စပ်မြို့ကိုရောက်တော့ အခြေနေက ကမ္ဘာပျက်တဲ့ အတိုင်း ဖြစ်နေလေတယ်။လူတွေက အိမ်ထဲမှာ ပုန်းတဲ့သူက ပုန်းနေပြီယ အဲ့တာကို မိစ္ဆာတွေက တံခါးတွေ ရိုက်ချိုးဖို့ လုပ်နေတယ်။လမ်းပေါ်က လူတွေကိုလည်း အဆင့်နိမ့် အသားစားမိစ္ဆာတွေက ဆွဲကာ တစစီစားပစ်လိုက်ကြသည်။
ကျိုးယွမ် ရောက်သည်နှင့် သူ့ရဲ့ မှော်လက်နက် ထျန်းရှုး(Tian Shu_ 天书_ကောင်းကင်စာအုပ်)ကို ထုတ်လိုက်သည်။လက်နက်က စာလိပ် အသွင်သာရှိပေမဲ့ သခင်ကစေခိုင်းလိုက်တဲ့ အခါမှာတော့ အဆုံးမဲ့ရှည်လျားတဲ့ စာရွက်ရှည်ကြီး ဖြစ်သွားလေသည်။ထိုစာရွက်ရှည်ကြီးက မြို့တမြို့လုံးကို ပျံ့နှံ့သွားကာ အဆင့်နိမ့်မိစ္ဆာတွေ အကုန်လုံးကို ၁ချက်တည့်နဲ့ ရိုက်သတ်ပစ်လိုက်သည်။
သို့သော်လည်း မိစ္ဆာစည်းက ကျိုးပေါက်နေတာမို့ မိစ္ဆာတွေက ဆည်ကျိုးလို့ ရေများဒလဟောထွက်လာသလို ထိန်းမနိုင်သိမ်းမရ ထွက်လာနေလေသည်။
"သွား...မင်းတို့က လူတွေသွားကယ်...မိစ္ဆာတွေကို ငါထိန်းထားလိုက်မယ်"
အားလုံး လှည့်ထွက်...
"ရှောင်အိုက်...ဂရုစိုက်ပါ"
"အွန်း"
Luna လည်း အကိုအမတွေနဲ့ အတူ လိုက်လာလိုက်သည်။ အကို၃က
"ငါတို့လည်း လူခွဲ လုပ်ရအောင်...ဟွားဟွား..အဲ..အကိုကြီးက မြို့မြောက်ပိုင်း..အမ၂နဲ့ နန်ခက်က တောင်ပိုင်း...ညီမငယ်လေးက အရှေ့ပိုင်း...ငါက အနောက်ပိုင်းသွားမယ်"
Lunaလည်း မြို့ အရှေ့ပိုင်းကို ထွက်လာလိုက်သည်။မင်ယွဲ့ကို ဗျတ်စောင်းအသွင်ဖြင့် ဆင့်ခေါ်လိုက်ကာ..မိစ္ဆာများကို နှိမ်းနင်းရင်း လူတွေကို တအိမ်ဝင်တအိမ်ထွက် စုခေါ်လာလိုက်သည်။ လူအားလုံးစုပြီးတဲ့ အချိန်မှာ မိစ္ဆာတွေ သောင်းနဲ့ချီပြေးလာလေသည်။lunaလည်း ခုခံရင် ရပေမဲ့ လူတွေ ထိခိုက်မိမှာစိုးတာမို့ မင်ယွဲ့ကို လှေအကြီးကြီးသဖွယ်ပြောင်းလိုက်သည်။ထို့နောက် လူတွေ အားလုံးကို တက်စေကာ...ကျိုးယွမ်ဆီခေါ်သွားဖို့ အမိန့်ပေးလိုက်သည်။
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...