Life-4.9 : Meow

1.8K 258 20
                                    

《Zawgyi》

ဂိုဏ်းချုပ် တစ်ယောက် ကောင်လေးငယ်ငယ်ချောချောလေူကို ပွေ့ချီသွားသည် ဟူသော သတင်းကြောင့် ရှန်းဟော်ဂိုဏ်းတွင် ပွက်လောရိုက်သွားလေသည်။ ထိုကောင်ချောလေးက တောင်သခင်ကျူလင်ရဲ့ တိုက်ရိုက်တပည့်ဖြစ်နေမှန်းသိသောအခါ ပိုပြီးအတင်းစကားများပြောလာကြသည်။ ကျူလင် ထိုသတင်းကိုကြားသောအခါ ဂိုဏ်းချုပ်အဆောင်ဆီသို့ အသည်းအသန်အပြေးသွားတော့သည်။

&&&&&&&&&&

စုန့်ဝူရှင်း ပိုင်ချင်းကို သူ့အခန်းထဲခေါ်သွားပေးပြီး ကုတင်ပေါ် အသာအယာချပေးလိုက်သည်။ သေချာအောင် တစ်ခေါက်ပြန်စစ်ဆေးကြည့်လိုက်ရာ သူ့ဒန်တန်ထဲတွင် ချီတစ်စက်မှ မရှိသည်မှလွဲ၍ ပြင်ပဒဏ်ရာ ဘာမှကြီးကြီးမားမားမရှိပေ။ သူ့သိုလှောင်လက်စွပ်ထဲမှ အဆင့်မြင့်ချီစွမ်းအင်စုဆောင်းဆေးလုံးကို ထုတ်ကာ ပိုင်ချင်းကို တိုက်လိုက်သည်။ ထိုစဉ်တွင် ဂိုဏ်းသားလေးတစ်ယောက် ရောက်လာပြီး ချုံးလင်တောင်သခင်က တွေ့ခွင့်တောင်းနေကြောင်းပြောလေသည်။ စုန့်ဝူရှင်း စိတ်အနှောင့်အယှက်ဖြစ်သွားပေမယ့် တပည့်နေမကောင်းသည်ကို ဆရာနှင့်ပေးမတွေ့သည်က မသင့်တော်တာမို့ ခွင့်ပြုပေးလိုက်ရသည်။

"ဂိုဏ်းတူအကိုကြီးကို ဂါဝရပြုပါတယ်"

"အွန်း"

ကျူလင် ဂိုဏ်းချုပ်ကို နှုတ်ဆက်ပြီး သူ့တပည့်လေးဆီပြေးသွားကာ စမ်းသပ်လိုက်သည်။ သွေးကြောကို စမ်းသပ်ပြီးမှ လူကိုကြည့်လိုက်ရာ နှုတ်ခမ်းအနည်းငယ်ဖူးယောင်နေသည်ကို တွေ့လိုက်ရသည်။ ကျူလင် ရင်ထဲ ထိတ်ခနဲဖြစ်သွားတာမို့ အတွင်းဝတ်ရုံကို ဆွဲဖွင့်စစ်ဆေးလိုက်ရာ ပုခုံးထက်မှ အနီရောင်အရာကြီးကြောင့် မျက်နှာကြီးမဲသွားလေသည်။ ထို့နောက် အလွန်သဘောကောင်းသိမ်မွေ့လှပါသည်ဆိုသည့် ချုံးလင်တောင်သခင်မျက်နှာထက်တွင် ဒေါသနှင့် လူသတ်အရိပ်အငွေ့များ လွှမ်းလာလေသည်။

"ကျွန်တော့်တပည့် ဘာတွေဖြစ်ခဲ့တာလဲ"

စုန့်ဝူရှင်းလည်း သူတောထဲဝင်ကူပုံနှင့် သူရောက်လာစဉ်ကြုံတွေ့ခဲ့သော အခြေအနေတို့ကို အကျဉ်းချုံးပြောပြလိုက်သည်။ သူရောက်ပြီးနောက်ပိုင်းနှင့် ဂိုဏ်းမပြန်ခင်ကြားမှ ကာလကိုတော့ တမင်ချန်ထားလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအန်းဟယ်ဆိုသော အကောင်စုတ်လေးကို သူအပြစ်မပေးနိုင်ပေမဲ့ သူဆရာကတော့ အပြစ်ပေးနိုင်သည်...ပြီးတော့ သူ၏ ဂိုဏ်းချုပ် သိက္ခာကို ထိန်းသိမ်းရာလည်းရောက်သည်လေ။

Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now