《Zawgyi》
Luna ထိုငကြောင်နဲ့ ဆက်မပြောချင်တော့တာမို့ သူမအခန်းကို ပြန်ပြီး ဘာဖြစ်သွားတာလဲစုံစမ်းရန် systemကို ခေါ်လိုက်လေသည်။
<system?>
<လူကြီးမင်းခေါ်ဆိုသော systemမှာ ဘဲဘဲနှင့် ဒိတ်နေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ>
<wft!!>
<လူကြီးမင်းခေါ်ဆိုသော systemမှာ ဘဲဘဲနှင့် ဒိတ်နေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ>
'တော်တော်ကောင်းတဲ့ system ဘဲ...ကြည့်နေ ဒင်းပြန်လာမှ report ထုပစ်မယ်'
Luna သူမရဲ့ နဂို အစီအစဉ်အတိုင်း Hatheralကို မြူစွမ်တိုက်ရန် အခန်းထဲမှ အသာလေးပြန်ထွက်လာလိုက်သည်။
[A/N : မြူစွမ်တိုက်တာ ဆိုတာ မြူဆွယ်တာကို ပြောတာ...အဟမ်း]"အချစ်လေး...ဘယ်သွားဦးမလို့လဲ"
'Wtf..ဒီကောင်က ခုထိ မသွားသေးဘူးလား'
"ဩော် ဒါနဲ့ ဇနီးလေးရဲ့ adminကို ဘဲနဲ့ဒိတ်ဖို့ ကိုယ် holidayပေးထားတယ်နော်...အခု ကိုယ်က မင်းရဲ့ ယာယီ admin လုပ်ရမှာ"
'လက်စသတ်တော့ ဒင်း လက်ချက်ကိုး...ဟို အကောင် Jamesကလည်း လင်တွေတော့ hostမေ့တော့တာဘဲ'
Luna အနှီလူကို မျက်စောင်း တစ်ချက်ထိုးပြီး ပြောလိုက်သည်။
"အနောက်လိုက်မလာနဲ့...လိုက်ရဲလိုက်ကြည့် လင်ပေးစားပစ်မယ်"
Sky : ...
%%%%%%%%%%%%%
Luna တစ်ယောက် ပုံမှန် Hatheral မြားပစ်လေ့ကျင့်တတ်တဲ့ကွင်းကို ဦးတည်လာခဲ့သည်။ ထင်သည့်အတိုင်း ထိုသူ လေ့ကျင့်နေတာကို တွေ့ရသည်။ Hatheral မြားငါးစင်းကို တစ်ခါတည်း လေးတင်ပစ်ရာ ငါးစင်းလုံး အလယ်မှတ်ထိလေသည်။ Luna လက်ခုပ်အသာလေးတီးရင်း ထိုသူဆီသွားလိုက်သည်။
"Well done my lord"
"Iri??"
"ပင်ပန်းနေပြီလား အရှင်"
သူမ ပြောရင်းဆိုရင်းနဲ့ ထိုသူ့ နဖူးစမှ ချွေးတွေကို ပဝါလေးနဲ့ အသာလေးတို့သုတ်ပေးလိုက်သည်။ Hatheral သူမလက်ကလေးကို အသာလေး ဆွဲကိုင်ကာ...
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...