Life-5.2 : The Great King

758 97 4
                                    

《Zawgyi》

Lunaတစ်ယောက် ဇာတ်ကြောင်းကို ဖတ်ပြီးနောက် ကိုယ့်ဆံပင်ကိုပင် ပြန်ဆွဲမိသွားသည်။ ဘယ်လောက်တောင် သောက်ကျိုးနည်းလိုက်လေသနည်း။ သူမက သာမန်အနုပညာကျောင်းမှ ကျောင်းသူလေးတစ်ဦးဖြစ်သည်။ နိုင်ငံအုပ်ချုပ်ရေးကိုလည်း ဘာမှနားမလည်သလို သမိုင်းကြောင်းကိုလည်း တစ်လုံးတစ်ပါဒမျှပင် မသိထားပါချေ။ ငယ်စဉ်ကတည်းက သမိုင်းကြောင်းဆို စိတ်မဝင်စားလွန်းသဖြင့်  Bအဆင့်ဖြင့်အောင်ရန်ပင် ခက်ခက်ခဲခဲကြိုးစားနေရခြင်းဖြစ်သည်။ ယခုကျ သမိုင်းကြောင်းကို နောကျေနေသော သမိုင်းသုသေသီနှင့် သမိုင်းကြောင်းတစ်လုံးမှ မသိသော မိမိတို့ ယှဉ်ပြိုင်ရမည်ဖြစ်ရာ ရလဒ်က မပြိုင်ခင်ထဲကပင် ထွက်နေပြီဖြစ်သည်။

'ကယ်တော်မူကြပါဦး...ဝူး...ဝူး'

သို့သော်လည်း luna ဇာတ်စင်ကြည့်ပြီးကမည်ဟု စိတ်အားတင်းကာ မိမိ၏လက်ရှိရုပ်သွင်ကို လေ့လာရန် မှန်ရှေ့သွားလိုက်သည်။

'ဝါး! အရမ်းချောတာဘဲ...ကိုယ့်ကိုကိုယ် ပြန်တွဲလို့ရလားဟင်!'

နန်ကုန်းကူယွဲ့၏ အသွင်အပြင်က တကယ့်ကို ထိပ်တန်းအလှလေးဖြစ်သည်။ မထူမပါးမျက်ခုံးများက အဖျားစွန်းတွင် အထက်သို့ အနည်းငယ်ကော့တတ်နေကာ မာနကြီးပြီး မြင့်မြတ်သော အသွင်ကို ပေးနေလေသည်။ နှုတ်ခမ်းပါးတို့ကလည်း သဘာဝအတိုင်းကို နီမြန်းနေကာ အလွန်အမင်းဆွဲဆောင်မှု ရှိလှသည်။ အထူးသဖြင့် သူ၏မျက်လုံးများက အလွန်အမင်းကို စူးရှတောက်ပလှက ဥာဏ်ပညာထက်မြတ်သည့်အသွင်ကို ဆောင်နေလေသည်။ ထိုစူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ခံရလျှင် မည်သူမဆိုတည်ငြိမ်စွာ နေနိုင်လောက်မည် မဟုတ်ပေ။ ခန္ဓာကိုယ်အချိုးအစားကလည်း တကယ့်ကို ရှယ်ပင်။ အရပ်ရှည်ကာ ကိုယ်လုံးကလည်း တောင့်ဖြောင့်နေပြီး အသားအရည်ကတော့ နှင်းကဲ့သို့ပင် ဖြူဖွေးနေလေသည်။ အထူးသဖြင့် အရင်ဘဝက ပိုင်ချင်းတွင်မရှိသည့် ဝမ်းဗိုက်ကြွက်သား ၆ခုလည်း ရှိနေလေသည်။

'ရှလွတ်~'

'နေပါဦး..ဒီခန္ဓာကိုယ်က တကယ့်ကို ကြီးမြတ်တဲ့အလှလေးဆိုပေမဲ့ ဒီအသွင်အပြင်က သေချာပေါက် seme typeကြီးပါ...ဒါဆို skyကရော ဘယ်သူဖြစ်မလဲ...တော်ကြာ သူက ukeဖြစ်နေရင် ဒုက္ခဘဲ...ငါ တကယ်အပေါ်မတက်ဘူးနော်'

Mischievous Girl In A Roleplaying Game(Own Creation)Tahanan ng mga kuwento. Tumuklas ngayon