Life-5.5 : The Great King

796 89 3
                                    

《Zawgyi》

Lunaတစ်ယောက် စစ်ရေးလေ့ကျင့်ရေးစခန်းထဲတွင် လှည့်ပတ်ကြည့်နေမိသည်။ အရင်ဘဝက ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့တာမို့ ကိုယ်ခံပညာတွေက သူ့အတွက်တော့ အတော်လေးလွယ်ကူနေပြီဖြစ်သည်။ သူမက တပ်သားအချို့ကိုပင် လိုအပ်သည်များကို ညွှန်ပြခဲ့သေးသည်။

ထိုနောက် အတွင်းဘက်သို့ ဆက်လျှောက်လာစဉ် ပုံရိပ်လေးတစ်ခုကို မြင်ကာရင်အခုန်မြန်သွားလေသည်။ ၎င်းက အလွန်ချောမောခန့်ညားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ကို အမြင့်မြှောက်စည်းထားပြီး ရွှေရောင်သဖူတစ်ခုကို ဆင်ယင်ထားလေသည်။ သူမက အလွန်ဆွဲဆောင်မှုရှိလှသည်။ သို့သော် သူမနှင့်ပတ်သတ်သည့် ထူးခြားနေသည့်အချက်က အခြားမဟုတ်ဘဲ lunaသူမကို မြင်လိုက်ချိန်တွင် ခံစားရသော ခံစားချက်ပင်ဖြစ်သည်။

'Skyလား?'

နန်ကုန်းကူယွဲ့၏ မှတ်ဥာဏ်အရ သူမက မိဖုရားခေါင်ကြီး မုရုံချင်းစုဖြစ်သည်။

'Lmao တကယ်ကြီး Skyက မိန်းကလေးဖြစ်နေပြီး ငါက ယောက်ျားလေးဖြစ်နေတယ်!? ဟားဟားဟား!!!'

ယခင် လော့ရွှယ်(life1)တုန်းကလည်း မိန်းကလေးဆိုပေမဲ့ သူမထံတွင် ယောက်ျားဆန်သောအသွင်အပြင်နဲ့ စိတ်ဓာတ်ရှိနေပြီး ယောက်ျားလေးကဲ့သို့သာ ကြီးပြင်းလာခြင်းဖြစ်သည်။ သို့သော် ယခုမုရုံချင်းစုကတော့ ရဲရင့်သည့်အမျိုးသမီးစစ်သူကြီးပုံစံဖြစ်ပေမဲ့ တစ်ချက်ကြည့်လိုက်သည်နှင့်ပင် မိန်းမတစ်ယောက်မှန်းသိသာလေသည်။


'ဒါကြီးက နဲနဲတော့ ထူးဆန်းပေမဲ့ ငါလေးက အပေါ်တက်ရတော့မှာလား!? အပေါ် မတက်နိုင်ဘူးနော်...လုံးဝကို အပေါ်မတက်ဘူး!'


မုရုံချင်းစု တပ်သားများကို လေ့ကျင့်ပေးနေရင်း တစ်ယောက်ယောက်က ကြည့်နေသည်ဟု ခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ ဇီးရွက်လောက်သာ ကျန်တော့သော မျက်နှာငယ်လေးဖြင့် ကြည့်နေသည့် နန်ကုန်းကူယွဲ့ကို တွေ့လိုက်ရတာမို့ အံ့ဩသွားလေသည်။ သူ နန်ကုန်းကူယွဲ့၏ မာနကြီးသောပုံ၊ အေးစက်သောပုံ၊ ဒေါသထွက်နေသောပုံ၊ ရယ်မောနေသောပုံတို့ကို မြင်ဖူးသော်လည်း ယခုလို ခွေးပေါက်လေးကဲ့သို့ ပုံစံမျိုးကိုတော့ တစ်ခါမှမမြင်ဖူးတာမို့ အထူးအဆန်းဖြစ်နေမိသည်။


Mischievous Girl In A Roleplaying Game(Own Creation)Where stories live. Discover now