《Zawgyi》
Sky သူ့ကို သနားပါတယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်လာတဲ့ luna ကို ရူသိုးသိုးနဲ့ ပြန်ကြည့်လိုက်သည်။ ထိုအခါမှ luna သူမကို မချိပြုံးလေးပြန်ပြုံးပြလေသည်။
&&&&&&&&
ဒီလိုနဲ့ တစ်ပတ်ခန့်ကြာတဲ့အခါမှာ သူမတို့အား Hatheral ရဲ့ မွေးနေ့ပွဲကျင်းပလေသည်။ ထိုပွဲမှာ Hyacinth က ရွှေအိုရောင် ဂါဝန်လေးဝတ်ဆင်ကာ ပုလွေမှုတ်ပြ၍ လူအများရဲ့ အာရုံ စိုက်မှုသာမက Hatheralရဲ့ နှလုံးသားကိုပါ သိမ်းယူသွားခြင်းဖြစ်သည်။
Luna ကတော့ အနုပညာသင်တန်းကျောင်းသူ ဖြစ်တာမို့ အဆိုအက အရေးအတီး အကုန်ရသည်။ အလှအပ အမြင်လေးလည်း ရှိသင့်သလောက်ရှိတာမို့ ပွဲတက်ရန် ဝတ်စုံကို သူမဘာသာ ဖန်တီးလိုက်သည်။
ဝတ်စုံက အနီတောက်တောက်ဖြစ်ပြီး စူးရှသောအနီ မဟုတ်ဘဲ တော်ဝင်ဆန်သော အနီရောင်မျိုး ဖြစ်သည်။သူမ ခန္ဓာကိုယ် အချိုးအစားအတိုင်း တိကျလှပစွာ ကျစ်ကျစ်လစ်လစ် ချုပ်လုပ်ထားပြီး အောက်ခြေမှာ ရေသူမအမြှီးလိုကားထားကာ နောက်မှ အစရှည်ချထားလေသည်။ ခါးတွင် ရွှေခါးပတ်ကိုမှ ပုလဲအချို့နှင့် တန်ဆာဆင်ထားကာ အလွန်လှပလေသည်။
Irithiel က ညှို့ဓာတ်ပျင်းသော ခန္ဓာကိုယ်အချိုးအစားပိုင်ရှင်ဖြစ်သည်။ပုံမှန်အားဖြင့် သူမက ယောက်ျားလေးဆန်ဆန်သာ ဝတ်စားဖြစ်သဖြင့် အလှက မပေါ်လွင်သော်လည်း ယခု ကိုယ်ကျပ်ဂါဝန်ဝတ်လိုက်သောအခါ လွန်စွာ ဆွဲဆောင်မှု ရှိလှသည်။ Luna က ထပ်မံ ထိုဝတ်စုံနှင့် လိုက်ဖက်သည့် ဆံပင်ပုံစံကို ထုံးထားလိုက်သည်။
Luna တစ်ယောက် ထိုအနီရောင် ပွဲတက်ဝတ်စုံလေးကို ဝတ်ဆင်ကာ လှေကားမှ ဆင်းလာချိန်တွင် နတ်ဘုရားမတစ်ပါး ကဲ့သို့ပင် ရဲရင့်သောအသွင်ဆောင်နေလေသည်။ အကယ်၍ Hyacinth က စံပယ်ပန်းလေးလို နူးညံဖြူစင်သိမ်မွေ့ဟန်ပေါက်သည်ဆိုလျှင် သူမက ရဲရင့်ထက်မြက်၍ ပြိုင်ဘက်ကင်းသော တော်ဝင်နှင်းဆီနီတစ်ပွင့်နှင့် တူလေသည်။
Luna ရဲ့ ထွက်ပေါ်လာခြင်းက Hyacinth ရဲ့ အလှအား မှေးမှိန်သွားစေလေသည်။ သူမကို မြင်သော လူအပေါင်း Estelar နှင့် Hatheral တို့ပါ အကုန် ယစ်မူးသွားကြလေသည်။ ထိုသို့ ဖြစ်အောင်လည်း luna က system ဆီမှ လွှမ်းမိုးခြင်း ရောင်ဝါကို ဝယ်ယူထားခြင်း ဖြစ်သည်။
YOU ARE READING
Mischievous Girl In A Roleplaying Game(Own Creation)
Fantasyအမြဲတိုင်း transmigration story တွေကို ကြိုက်တတ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ယောက် roleplay system တစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့ အခါ.... ဒီ story ကတော့ ရသစုံမှာပါ Yaoi ရော Yuri ရော Straight ရော အကုန်ပါမှာပါ...ဖတ်ကြည့်ပေးကြပါဦး Cover design by @...